A d v e r t i s e m e n t With Us

၂၀၁၈ ကမ္ဘာဖလား ခြေစစ်ပွဲ အာဂျင်တီးနား ပထမဆုံးအနိုင်ရ (ရုပ်သံ)

နိုဝင်ဘာ ၁၇ ရက်က ကစားသွားတဲ့ တောင်အမေရိကဇုန် ၂၀၁၈ ကမ္ဘာဖလားခြေစစ်ပွဲမှာတော့ အာဂျင်တီးနားက ကိုလံဘီယာကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ပထမပိုင်း မိနစ် ၂၀မှာ အာဂျင်တီးနားအသင်းက လူးကပ်စ်ဘစ်လီယာက အဖွင့်ဂိုး သွင်းယူပြီး ဒုတိယပိုင်း အထိ ဒီအနိုင်ကို ထိန်းထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာဖလား ခြေစစ်ပွဲ ၄ ပွဲကစားရာမှာ အာဂျင်တီးနားအတွက် ပထမဆုံး နိုင်ပွဲရရှိသွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ အာဂျင်တီးနားအသင်းက မက်ဆီ၊ အဂွီရိုတို့ ဒဏ်ရကြောင့် ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။ အာဂျင်တီးနားဟာ တောင်မေရိကဇုန်ခြေစစ်ပွဲမှာ ၄ ပွဲကစား ၁ ပွဲနိုင် ၂ ပွဲသရေ ၅ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေသလို ကိုလံဘီယာကတော့ ၄ ပွဲကစား ၄ မှတ်နဲ့ အဆင့် ၇ မှာရပ်တည်နေပါတယ်။ အမှတ်ပေးဇယား ၁ကနေ ၄ အတွင်းက အသင်းတွေကတော့ တောင်အမေရိကဇုန်ကနေ တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up