A d v e r t i s e m e n t With Us

ရန်ကုန်-မန္တလေးအမြန်ရထားနေရာတွင် တရုတ်ချေးငွေဖြင့်ဝယ်ယူထားသည့်ရထားများ အစားထိုးပြေးဆွဲမည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ လူစီးတွဲတည်ဆောက်ရေး စက်ရုံစီမံကိန်းကနေချေးငွေနဲ့ ဝယ်ယူထားတဲ့ ခရီးသည်တွေ သက်တောင့်သက်သာစီးနိုင်တဲ့ လေအိပ်ပါတဲ့ တွဲသစ် ၁၈ တွဲနဲ့ စက်ခေါင်း ၃ ခေါင်းတို့ နိုဝင်ဘာလဆန်းပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။ အခုအသစ်ရောက်ရှိလာတဲ့ စက်ခေါင်းနဲ့တွဲသစ်တွေကို တွဲဆိုင်း (၂) ဆိုင်း ဖွဲ့ဆင်ပြီး ပထမဦးစားပေးလမ်းပိုင်းဖြစ်တဲ့ ရန်ကုန်-မန္တလေး အမြန်ရထားတွေမှာ အစားထိုးပြေးဆွဲသွားဖို့ စီစဉ်ထားပါတယ်။ ရန်ကုန်-မန္တလေး အမြန်ရထားတွေက ပိုထွက်လာမယ့်(၁၈)တွဲထဲကသင့်လျော်တဲ့ တွဲကောင်း (၉)တွဲကို ထပ်မံမွမ်းမံပြင်ဆင်ပြီး ရန်ကုန်-ပြည်အမြန်ရထားမှာ ဒီဇင်ဘာလကစပြီး အစားထိုးလဲလှယ် အသုံးပြုသွားမယ်လို့ရထားပို့ဆောင်ရေး ဒု-ဝန်ကြီးဦးမြင့်သိန်းကပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂) ရက်မြောက်နေ့မှာ ပြောဆိုခဲ့ ပါတယ်။ တရုတ်နိုင်ငံကနေ တွဲသစ် ၃၉ တွဲနဲ့ စက်ခေါင်း ၁၁ ခေါင်းကို မှာယူထားပြီး လောလောဆယ်မှာ ပထမအသုတ်အနေနဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up