A d v e r t i s e m e n t With Us

မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် ကုလသမဂ္ဂ ဆက်အားပေးကူညီသွားမည်ဟု ကတိပြု

ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဆီကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဖုန်းခေါ်ပြီး ချီးကျူးဂုဏ်ပြုခဲ့တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။ မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ကုလသမဂ္ဂအနေနဲ့လည်း ဆက်ပြီး အားပေးကူညီ သွားမယ့် အကြောင်း ကတိပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဇွဲကောင်းကောင်းနဲ့ ဘ၀ကို မြှုပ်နှံကြိုးပမ်းခဲ့တဲ့ အတွက်လည်း ဘန်ကီမွန်းက ချီးကျူးစကား ဆိုပါတယ်။ ရွေးကောက်ပွဲဟာ မြန်မာပြည်မှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ သဟဇာတ ဖြစ်တဲ့ ဒီမိုကရေစီ စနစ်ထွန်းကားရေးအတွက် အလားအလာကောင်း ဖြစ်တယ်လို့ ဘန်ကီမွန်းက ပြောပါတယ်။ တိုင်းရင်းသား အုပ်စုတွေ၊ ဘာသာရေး အုပ်စုတွေ၊ အရပ်ဘက် အဖွဲအစည်းတွေ အပါအ၀င် တိုင်းပြည်အရေးမှာ သက်ဆိုင်သူတွေ အားလုံး ပါဝင်ဆွေးနွေးပြီး ပူးပေါင်းပါဝင်မှုဟာလည်း  အရေးကြီးတဲ့အကြောင်း ဘန်ကီမွန်းက အလေးထား ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံသူတွေကို တည်တည်ငြိမ်ငြိမ် ရှိဖို့နဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် ငြိမ်းချမ်းဖို့အတွက် မေတ္တာရပ်ခံခဲ့တာဟာ အမြော်အမြင်ကြီးတဲ့ တိုင်းပြုပြည်ပြု ခေါင်းဆောင်ပီသမှု ဖြစ်တယ်လို့ ဘန်ကီမွန်းက ချီးကျူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up