A d v e r t i s e m e n t With Us

ဆလိုဗေးနီးယားကို သရေကစားပြီး ယူကရိန်း ယူရို ခြေစစ်ပွဲအောင် (ရုပ်သံ)

ယူရို ၂၀၁၆ ခြေစစ်ပွဲမှာတော့ ဆလိုဗေးနီးယားအသင်းကို ၁ ဂိုးစီ သရေကျပြီး ၂ ပွဲပေါင်း ရလဒ်နဲ့ ယူကရိန်းခြေစစ်ပွဲအောင်သွားပါတယ်။ ပထမပိုင်း ၁၁ မိနစ်မှာ ဆလိုဗေးနီးယားအသင်းက အဖွင့်ဂိုး သွင်းပြီး ပွဲကို ဦးဆောင်ထားပေမယ့် ယူကရိန်းတို့က မိနစ် ၉၀မှာ ချေပဂိုးသွင်းယူသွားတဲ့ အတွက် ၁ ဂိုးစီသရေကျသွားပါတယ်။ ဆလိုဗေးနီးယားတို့ ပွဲကို ထိန်းချုပ်ပြီး ခြေစစ်ပွဲအောင်ရေး ကြိုးစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့သလို ဆလိုဗေးနီးယား နောက်ခံလူတဦးလည်း အထုတ်ခံခဲ့ရပါတယ်။ ပထမပွဲမှာ ၂ ဂိုး ဂိုးမရှိနဲ့ ယူကရိန်းက အနိုင်ရထားတဲ့ အတွက် ၂ ပွဲပေါင်း ရလဒ် ၃ဂိုး ၁ဂိုးနဲ့ ယူကရိန်း ခြေစစ်ပွဲအောင်သွားတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ယူရို ၂၀၁၆ အတွက် ခြေစစ်ပွဲအောင်ထားတဲ့ အသင်း ၂၄ သင်းရှိသွားပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up