တကသကျောင်းသားခေါင်းဆောင်များ ရုံးထုတ် (သတင်းဓာတ်ပုံ)

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးတရားစွဲဆိုထားတဲ့ တကသ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ဒီနေ့ နိုဝင်ဘာ ၁၇ ရက်နေ့က ရန်ကုန်မြို့ ပန်းဘဲတန်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုဇေယျာလွင်က နောက်လာမယ့် အစိုးရဟာ ပြည်သူတွေအားလုံး လိုအပ်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုသွားပါတယ်။ ဒါ့အပြင် တိုင်းပြည်မှာ ပြည်တွင်းစစ်ဖြစ်တာ ကိုယ့်အိမ်ကြမ်းခင်းကို ကိုယ်မီးရှို့တာနဲ့ တူတဲ့အတွက် ထိုးစစ်ဆင်တာတွေ ရပ်တန့်စေချင်တယ်လို့လည်း ကိုပိုင်ရဲသူက ဒီဗွီဘီကို ပြောပါတယ်။ တကသ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ဟာ အခြေခံဥပဒေပြင်ဆင်ရေး၊ လွှတ်တော်ထဲက ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နုတ်ထွက်ပေးရေး ရန်ကုန်မြို့လယ် ဆန္ဒပြပွဲကို ဦးဆောင်ခဲ့မှုနဲ့ ဖမ်းဆီး တရားစွဲဆိုခံနေရတာ ဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - ကောင်းထက်ကျော်  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up