စမ်းချောင်းထဲတွင် ၀က်ဝံနှင့်အတူ ပွေ့ဖက်ဆော့ကစားသူ (ရုပ်သံ)

2.9K
တူရကီနိုင်ငံသားတဦးဟာ ရေတံခွန်တခုအောက်ခြေက စမ်းချောင်းထဲမှာ ၀က်ဝံတကောင်နဲ့အတူ ပွေ့ဖက် ရေကစားနေတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို ယူကျု အင်တာနက်စာမျက်နှာပေါ်မှာ တင်ခဲ့ပါတယ်။
ချစ်စရာကောင်းတဲ့ ၀က်ဝံတွေနဲ့ ဆော့ကစားတာဟာ မမျှော်လင့်နိုင်တဲ့ အန္တရာယ်တွေ ရှိလာနိုင်ပေမယ့် အဲဒီစွန့်စားရေကူးသမားကတော့ စမ်းချောင်းထဲမှာ ပျော်ရွှင်စွာ အတူကစားခဲ့တယ်လို့ ယူပီအိုင်သတင်းမှာ နိုဝင်ဘာ ၁၆ ရက်နေ့က ဖော်ပြပါတယ်။
အဲဒီရုပ်သံဗွီဒီယိုဖိုင်မှာ စမ်းချောင်းထဲက အမျိုးသားဟာ ၀က်ဝံကို တူရကီဘာသာစကားနဲ့ “လာစမ်းပါဦး၊ လာပါဦး ဖေ့သားကြီး” လို့ ခေါ်ခဲ့တာပါ။
ဝက်ဝံဟာ စမ်းချောင်းထဲကို ခုန်ဆင်းလာချိန်မှာ သူက ရေနဲ့လှမ်းပက်ပြီး တင်းတင်းကျပ်ကျပ်ဖက်ပွေ့ကာ ဦးခေါင်းပေါ်ကို နမ်းပြခဲ့ပါတယ်။
ဝက်ဝံကလည်း အဲဒီအမျိုးသားကို မနာအောင် ဖွဖွငုံကိုက်ပြီး အတူ ရေကစားနေခဲ့တာကို အသည်းယားစဖွယ် တွေ့ရပါတယ်။