A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ တွေ့ဆုံ (ဓာတ်ပုံ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ နိုဝင်ဘာ ၁၇ ရက် ဒီကနေ့ နေ့လယ် ၂ နာရီ ၁၀ မိနစ်ကနေ ၃ နာရီ ၁၀ မိနစ်ထိ တနာရီကြာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရုံးခန်းမှာ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုမှာ ဘာတွေဆွေးနွေးခဲ့သလဲလို့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီဗွီဘီသတင်းထောက်က မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို မေးမြန်းရာမှာတော့ သာကြောင်းမာကြောင်းပဲ ပြောဆိုခဲ့ကြပြီး နောက်လွှတ်တော်အခင်းအကျင်းအတွက် ဆွေးနွေးခဲ့တာ မရှိဘူးလို့  ပြောပါတယ်။ ဓာတ်ပုံ - နေဖြိုးဝင်း  

A d v e r t i s e m e n t With Us

More News
Up