A d v e r t i s e m e n t With Us

အန်စီအေစာချုပ် အကောင်အထည်ဖော်ရေး နေပြည်တော်တွင် ဆွေးနွေး

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၇ ရက်နေ့က နေုပြည်တော် Horizon Lake View hotel မှာ ကျင်းပပါတယ်။ ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်တွေက  အန်စီအေစာချုပ်ကို လွှတ်တော်မှာ အတည်ပြုနိုင်ရေး  ပြီးပြတ်အောင်ဆောင်ရွက်ဖို့နဲ့  လက်ရှိ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေနဲ့   နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အဓိက ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေး တက်ရောက်လာတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ဥက္ကဋ္ဌ ရဲဘော်သံခဲကတော့ “ထူးခြားတဲ့အချက်က ဘာလဲဆိုရင် လက်ရှိ သမ္မတဦးသိန်းစိန်သက်တမ်းအတွင်းမှာ အစိုးရအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး အနှေးနဲ့အမြန် အကောင်းဆုံးဆောင်ရွက်သွားမယ်ဆိုတဲ့ စကားကိုတော့ ဒီနေ့ကြားရပါတယ်”လို့  ပြောပါတယ်။ တပ်မတော်သားကိုယ်စားလှယ်အဖွဲ့ကတော့  အန်စီအေကို စာချုပ်ပါအတိုင်း ဆက်လက်ပြီး တာဝန်ရှိတဲ့အချိန်အထိ အောင်အောင်မြင်မြင်ဖြစ်အောင် အားလုံးနဲ့ လက်တွဲ ဆောင်ရွက်မယ်ဆိုပြီး ကတိပေးပြောကြားသွားပါတယ်။ လာမယ့် နိုဝင်ဘာ ၂၄ ရက်နေ့မှာ အစိုးရ၊ လက်နက်ကိုင်တိုင်းရင်းသားများနဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ် ၁၆ ဦးစီ စုစုပေါင်း ၄၈ ဦး ပါဝင်တဲ့ သုံးပွင့်ဆိုင် ယူပီဒီဂျေစီ(UPDJC)ကော်မတီကို တွေ့ဆုံနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေတယ်လို့  ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။ ဒီကနေ့ အစည်းအဝေးမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းကော်မတီ (UPWC) ဥက္ကဋ္ဌ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။  

A d v e r t i s e m e n t With Us

More News
Up