Home
မြန်မာသတင်း
ဥပဒေအထက်တွင် မည်သူမျှမရှိဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား
DVB
·
November 17, 2015
ဥပဒေရဲ့ အထက်မှာ မည်သူမျှမရှိကြောင်းနဲ့  ဥပဒေချိုးဖောက်ပြီး လက်တလုံးခြား ပြုမှုတွေကို အရေးယူရမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ပဲခူးတိုင်းဒေသကြီး သံတောင်ကြီး တပ်နယ်နဲ့  တောင်ငူတပ်နယ်က  တပ်မတော် အရာရှိ၊ စစ်သည်၊ မိသားစုတွေ၊ သင်တန်းသားတွေနဲ့  နိုဝင်ဘာ ၁၆ နေ့က တွေ့ဆုံ အမှာစကား ပြောကြားရာမှာ ထည့်သွင်းပြောကြားသွားတာလို့ အစိုးရပိုင် မီဒီယာတွေမှာ သတင်းထုတ်ပြန်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဥပဒေမှာ နိုင်ငံသားအားလုံးအတွက် ပြဋ္ဌာန်းချက်ဖြစ်ကြောင်း၊ ဥပဒေကို လေးစား လိုက်နာရမည်ဖြစ်ကြောင်း၊ ဥပဒေအထက်တွင် မည်သူမျှ မရှိကြောင်း၊ ဥပဒေချိုးဖောက်မှု၊ မသိကျိုးကျွံ ပြုမှု၊ လက်တလုံးခြားပြုမှုများသည် ဥပဒေအရ ငြိစွန်းပါက အရေးယူရမည် ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တပ်မတော်သားတွေအနေနဲ့ နိုင်ငံတော်ကာကွယ်ရေး တာဝန်အပြင် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ကာကွယ် စောင့်ရှောက်ဖို့လိုကြောင်း၊ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်  ဆောင်ရွက်နိုင်ခဲ့လို့ နိုင်ငံတော်နဲ့ တပ်မတော်သမိုင်းမှာ မှတ်ကျောက်တခု၊ မှတ်တမ်းတခု ကျန်ရှိခဲ့ကြောင်းလည်း တပ်မတော် အကြီးအကဲက ပြောကြားသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024