ပါရီတိုက်ခိုက်မှုအပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် လုံခြုံရေး တပ်လှန့်

ဓာတ်ပုံ - ရိုက်တာ
772
ပြင်သစ်နိုင်ငံ မြို့တော်ပါရီက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ တိုက်ခိုက်မှုတွေအပြီး နိုင်ငံတကာ အသိုင်းအဝိုင်းမှာ လုံခြုံရေး တပ်လှန့်ထားပါတယ်။
အမေရိကန်နိုင်ငံ ဆီယက်တယ်မြို့ကနေ နယူးယောက်မြို့အထိ အမျိုးသားဘောလုံးအသင်းချုပ်က အားကစားရုံ အတ်ာများများမှာ အတွင်းရောအပြင်ပါ လုံခြုံရေး တိုးမြှင့်ချထားခဲ့တာပါ။
နိုဝင်ဘာ ၁၃ ရက်နေ့က လူ ၁၃၂ ဦး သေဆုံးခဲ့ရတဲ့ ပါရီမြို့ တိုက်ခိုက်မှုတွေအပြီး အမေရိကန်ရဲ့ လူကြိုက်အများဆုံး အားကစားအသင်းက နိုဝင်ဘာ ၁၅ ရက်နေ့မှာ ခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
တူရကီနိုင်ငံမှာ ကမ္ဘာ့ထိပ်သီး အင်အားကြီးနိုင်ငံ ၂၀ က ခေါင်းဆောင်တွေ ပါဝင်ကျင်းပနေတဲ့ ဂျီ ၂၀ ထိပ်သီးညီလာခံမှာလည်း စီးပွားရေး ဆွေးနွေးပွဲတွေအစား နယ်စပ်ထိန်းချုပ်မှုနဲ့ လေကြောင်းလုံခြုံရေးတို့ အပါအဝင် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးကို နိုဝင်ဘာ ၁၅ ရက်နေ့က ဦးစားပေး ဆွေးနွေးခဲ့ကြပါတယ်။
အာရှမှာတော့ တောင်ကိုရီးယားအစိုးရက နိုင်ငံခြားရောက် တောင်ကိုရီးယား နိုင်ငံသားတွေ ဘေးကင်းရေး သေချာစေဖို့ ဆောင်ရွက်မယ့် နည်းလမ်းတွေကို နိုဝင်ဘာ ၁၆ ရက်နေ့က ဆွေးနွေးခဲ့ပါတယ်။
နိုင်ငံတွင်းမှာလည်း ကာကွယ်ရေးဝန်ကြီးဌာနက လုံခြုံရေး တိုးမြှင့်ခဲ့ပါတယ်။
ကမ္ဘာ့လည်ပတ်မှု အများဆုံးမြို့မှာ နိုဝင်ဘာ ၁၃ ရက်ည တိုက်ခိုက်မှုကြောင့် သေဆုံးသူ နိုင်ငံခြားသားနဲ့ လူငယ်အများအပြား အပါအဝင် လူ ၁၀၃ ဦးကို ဘယ်သူဘယ်ဝါ ဖော်ထုတ်နိုင်ပြီးပါပြီ။
တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက တောင်ကိုရီးယားနိုင်ငံသား သေဆုံးမှု အစီရင်ခံတာ မရှိသေးဘူးလို့ ပြောပါတယ်။
ပြင်သစ်နိုင်ငံထဲက တောင်ကိုရီးယားသံရုံးကလည်း အရေးပေါ်စနစ်ကို အဆင်သင့် ပြင်ဆင်ထားပါတယ်။
တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟီးကတော့ ပါရီတိုက်ခိုက်မှုကို နိုဝင်ဘာ ၁၃ ရက်နေ့က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး ပြင်သစ်သမ္မတ ဖရန်ဆွား ဟောလန်ဒီကို စာနာကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။