Home
မြန်မာသတင်း
ကျောင်းသားများ အစာငတ်ခံဆန္ဒပြမှု ခေတ္တရပ်နားမည်
DVB
·
November 17, 2015
ရွှေဝါရောင်သံဃာတော်တွေနဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ နိုင်ငံလုံးကွန်ရက် (အန်အန်အီးအာရ်) အပါအဝင် အရပ်ဖက်လူ့အဖွဲ့အစည်းတွေရဲ့ မေတ္တာရပ်ခံတာကြောင့် ကိုအောင်မှိုင်းဆန်း၊ ကိုမျိုးမြတ်စံနဲ့ ကိုဖြိုးဓန တို့ဟာ ဒီကနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ကစပြီး အစာငတ်ခံဆန္ဒပြမှုကို ခေတ္တရပ်နားမှာဖြစ်ပါတယ်။ သူတို့ ၃ ဦးဟာ ရန်ကုန်ဆေးရုံကြီးမှာ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်နေချိန်မှာ ရွှေဝါရောင်သံဃာတော်တွေနဲ့ အန်အန်အီးအာရ် အပါအဝင် အရပ်ဖက်လူ့အဖွဲ့အစည်းတွေ လာရောက်ပြီးတော့ နိုင်ငံရေးအသွင်ကူးပြောင်းချိန်မှာ ကျောင်းသားတွေကို ထိခိုက်မခံစေလို့တဲ့ အတွက် ဆန္ဒပြတာရပ်ဆိုင်းဖို့ မေတ္တာရပ်ခံတာဖြစ်ပါတယ်။ သူတို့ ၃ ဦးအနေနဲ့တော့ အစာငတ်ခံဆန္ဒပြမှုကို ခေတ္တရပ်နားပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် တခြားနည်းလမ်းတခုနဲ့ ကြိုးစားဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ - လင်းဆက်အောင်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024