A d v e r t i s e m e n t With Us

၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ လာမည့်လွှတ်တော်တွင် အမျိုးသမီးကိုယ်စားလှယ် ၂ ဆတိုးမည်

၂၀၁၅ ရွေးကောက်ပွဲကနေ လွှတ်တော်နှစ်ရပ်အတွက် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၇၀ လောက် အနိုင်ရခဲ့ပြီး လာမယ့်လွှတ်တော်ထဲမှာ အမျိုးသမီးကိုယ်စားလှယ် ပါဝင်မှုဟာ အရင်ကထက် နှစ်ဆ တိုးလာမှာဖြစ်ပါတယ်။ လက်ရှိ လွှတ်တော်ထဲမှာတော့ အမျိုးသမီးကိုယ်စားလှယ် ၃၀ ကျော် ရှိနေပြီး ဒီရွေးကောက်ပွဲမှာ ၇၀၀ ကျော် ၀င်အရွေးခံခဲ့တာပါ။ ရန်ကုန်ဒေသခံတယောက်ဖြစ်တဲ့ မချိုချိုအေးက “အရမ်းဝမ်းသာတယ်လို့ ပြောရမှာပဲ။ အမျိုးသမီးတွေ ကိစ္စကို အမျိုးသမီးတွေပဲ ပိုနားလည်တယ်။ လက်ရှိမှာလည်း အမျိုးသမီးတွေကို အကြမ်းဖက်ခံရတာ ပိုများလာတော့ ပိုပြီးပြောစေချင်တယ်။ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံနေတာ ပြီးသွားပြီလို့ထင်တယ်” လို့ ပြောပါတယ်။ အနိုင်ရ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တယောက်ကတော့ အမျိုးသမီးတွေဟာ နိုင်ငံရေးကို ပိုစိတ်ဝင်စားလာကြပြီး ဒါဟာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေရဲ့ လှုံ့ဆော်ပေးတာကြောင့် လို့ ပြောပါတယ်။ ဟိန္ဒူအမျိုးသမီးအသင်း ဥက္ကဋ္ဌ ဒေါ်ကက်သလင်းသိန်းက “ သူတို့အနေနဲ့ အများကြီး အလုပ်လုပ်ကြဖို့ လိုမယ်။ ဒါမှ အမျိုးသမီးတွေ လုပ်နိုင်တယ်ဆိုတာ ပြလို့ ရမှာ။ ဒါပေမယ့် သူတို့တွေမှာ အခက်အခဲတွေ အများကြီး ရှိမယ်။ ဒါကိုလည်း နားလည်ပေးဖို့ လိုမယ်” လို့ ပြောပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၆ ထောင်ကျော် ၀င်ပြိုင်ခဲ့ပြီး အမျိုးသမီး ကိုယ်စားလှယ်လောင်း ၇၉၀ ကျော် ပါဝင်ခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up