ဘယ်လ်ဂျီယံ – စပိန် ချစ်ကြည်ရေးပွဲ လုံခြုံရေးကြောင့်ရွှေ့ဆိုင်း

557
နိုဝင်ဘာ ၁၇ရက် ဘယ်လ်ဂျီယံ ဘရပ်ဆဲမှာ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲအဖြစ် ဘယ်လ်ဂျီယံနဲ့ စပိန်အသင်းတို့ရဲ့ ပွဲစဉ်ကို လုံခြုံရေး အကြောင်းပြချက်နဲ့ ရွှေ့ဆိုင်းလိုက်ပါတယ်။
ဂျာမနီ-ပြင်သစ် ချစ်ကြည်ရေး ဘောလုံးပွဲကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ လူ ရာချီသေဆုံးခဲ့တဲ့ ပဲရစ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုလို ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ်။
ပြင်သစ် တိုက်ခိုက်မှုမှာ ဘယ်လ်ဂျီယံနိုင်ငံသားတဦးက နောက်ကွယ်ကနေ ကြိုးကိုင်တယ်လို့ ပြင်သစ်က ဖော်ထုတ်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့တွေကလည်း ဘယ်လ်ဂျီယံဖွား အသက် ၂၆ နှစ် ဆာလာအက်ဒီဆလန်ကို အဓိက သံသယရှိသူလို့ ယူဆပြီး ရှာဖွေနေပါတယ်။
အကြမ်းဖက်တိုက်ခိုက် ခြိမ်းခြောက်မှု သတိပေးချက်ကို ဘယ်လ်ဂျီယံ အစိုးရက မြင့်တင်ခဲ့ပါတယ်။
စပိန်အသင်းနဲ့ ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာ ဒီဘောလုံးပွဲစဉ်ကို ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ ဘယ်လ်ဂျီယံ ဘောလုံးအဖွဲ့ချုပ်က ကြေညာပါတယ်။