ယူရို ၂၀၁၆ ပြင်သစ်တွင်သာ ကျင်းပမည်

764
ပြင်သစ်နိုင်ငံ ပဲရစ်မှာ နိုဝင်ဘာ ၁၃ ရက် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ရာချီသေဆုံး ခဲ့ပေမယ့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲကို ပြင်သစ်မှာ ကျင်းပမှာ ဖြစ်တယ်လို့ ဥရောပဘောလုံး အဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ပြောပါတယ်။
နိုဝင်ဘာ ၁၆ ရက် ယူအီးအက်ဖ်အေ ထုတ်ပြန်ချက်မှာတော့ ဘောလုံးပြိုင်ပွဲ လုံခြုံချောမွေ့စေဖို့ တာဝန်ရှိသူတွေနဲ့ ယူအီးအက်ဖ်အေက ၃ နှစ်နီးပါး အလုပ်တွဲလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပဲရစ်မှာ ဒီဇင်ဘာ ၁၂ ရက် ယူရို ပွဲစဉ်တွေကို ရေးဆွဲပြီးရင်တော့ ဘောလုံးပြိုင်ပွဲကို စီစဉ်ထားတဲ့ အတိုင်း ဆက်လက် ကျင်းပသွားမယ်လို့ ရေးပါတယ်။
လိုအပ်တဲ့အရေးယူဆောင်ရွက်ချက်တွေကို လုပ်ဆောင်သွားမယ်လို့လည်း ဒီထုတ်ပြန်ချက်က ဆိုပါတယ်။
၁၉၅၈ ပြင်သစ် ကမ္ဘာဖလားပြိုင်ပွဲက နာမည်ကြီး ဘောလုံးသမား ဂျပ်ဖောင်တိန်က ပြင်သစ်က ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲကို ရပ်ဆိုင်းသင့်တယ်လို့ သတင်းစာတစောင်ကို ပြောဆိုခဲ့ပါတယ်။
ပြိုင်ပွဲကျင်းပရေးမှူးကလည်း ပြိုင်ပွဲဟာ အန္တရာယ် ပိုမိုရှိလာနိုင်တဲ့ အတွက် ကျင်းပဖို့ ဖျက်သိမ်းဖို့ စဉ်းစားနေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲကို ဇွန် ၁၀ ရက်ကနေ ဇူလိုင် ၁၀ ရက်အထိ ပြင်သစ်မှာ ကျင်းပမှာလည်း ဖြစ်ပါတယ်။