A d v e r t i s e m e n t With Us

အပျော်စီးသင်္ဘောပေါ်မှ အဖွားအိုတဦးကို ရဟတ်ယာဉ်ဖြင့် အရေးပေါ်ကယ်တင် (ရုပ်သံ)

အမေရိကန် ကမ်းခြေစောင့်တပ်ဟာ ဖလော်ရီဒါပြည်နယ် ကမ်းခြေတခုမှာ ကာနီဗယ်လ်ပွဲတော် အထိမ်းအမှတ် ပင်လယ်တွင်း အပျော်စီးသင်္ဘောပေါ်မှ အသက် ၆၄ နှစ်အရွယ် အဖွားအိုတဦးကို နိုဝင်ဘာ ၁၄ ရက်နေ့က အရေးပေါ် ကယ်တင်ခဲ့ရပါတယ်။ ဖလော်ရီဒါပြည်နယ်၊ ဒေတိုနာကမ်းရိုးတန်း ကမ်းခြေက မိုင် ၉၀ လောက်အကွာမှာ ရဟတ်ယာဉ်နဲ့ ကယ်တင်ခဲ့ရတာပါ။ အဖွားအိုဟာ သင်္ဘောပေါ်မှာ အစာအိမ်ဝေဒနာ အပြင်းအထန် ခံစားခဲ့ရတာဖြစ်ပြီး ကမ်းခြေစောင့်တပ်က အမ်အိပ်ခ်ျ - ၆၅ လင်းပိုင်ရဟတ်ယာဉ်နဲ့ အနီးက နှစ်ချင်းခရစ်ယာန် ဆေးကုသမှုစင်တာဆီ ပို့ဆောင်ပေးခဲ့ရတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up