Home
မြန်မာသတင်း
ထိုင်းတွင် အိမ်အကူ မြန်မာအမျိုးသမီးတဦး လုပ်ခမရဘဲ နှိပ်စက်ခံရ
DVB
·
November 16, 2015
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရာမာ ၃ တာဝါက အခန်းတခန်းမှာ အလုပ် လုပ်ကိုင်နေတဲ့ အိမ်အကူ မြန်မာအမျိုးသမီးငယ်တဦးဟာ လုပ်ခလစာ မရတဲ့အပြင် နှိပ်စက်ခံရမှုတွေလည်း ရှိနေတာကြောင့် လိုက်ပါကူညီဆောင်ရွက်ပေးနေရတယ်လို့ အလုပ်သမားအရေး ကူညီပေးနေတဲ့အဖွဲ့က ပြောပါတယ်။ အဲဒီအမျိုးသမီးဟာ စိတ်ချောက်ချားတဲ့ ဝေဒနာလည်း ရှိနေပုံရတယ်လို့ သူနဲ့အတူ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတဦးက ပြောကြောင်း အလုပ်သမားအရေး ကူညီပေးနေတဲ့ ထိုင်းရောက် မြန်မာပြည်ဖွား ဂေါ်ရခါးလူငယ်များ အစည်းအရုံး ခေါင်းဆောင် ကိုဂျော်နီက ဒီဗွီဘီကို ပြောပါတယ်။ အသက် ၂၀ ကျော် ရှိပြီဖြစ်တဲ့ အမျိုးသမီးဟာ အဲဒီအိမ်မှာ အလုပ် လုပ်တာ ၃ လလောက်သာ ရှိသေးပြီး အိမ်ရှင်က ထိုင်းနိုင်ငံမှာ စီးပွားရေး လာရောက်လုပ်ကိုင်နေတဲ့ အိန္ဒိယလူမျိုး ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။ အိမ်အကူ အမျိုးသမီးဟာ မိုးကုတ်ဘက်က ကျေးရွာတရွာကနေ အလုပ်အကိုင် ရရှိနိုင်မယ်ဆိုလို့ ဘန်ကောက်ကို ရောက်လာတာ ဖြစ်ပါတယ်။ သူ့ကို ပို့ဆောင်ပေးခဲ့တဲ့သူက လစာ ၃ လစာ ကြိုထုတ်သွားပြီး အမျိုးသမီးကို ထားခဲ့တာလို့လည်း ဆိုပါတယ်။ ထိုင်းဥပဒေနဲ့အညီ ရဲစခန်းမှာ အမှုဖွင့်ထားသလို ရှေ့နေတွေနဲ့ သူ့ကို ကယ်ထုတ်နိုင်ဖို့ ဆောင်ရွက်နေပြီး မြန်မာသံရုံးနဲ့လည်း ဆက်သွယ် ဆောင်ရွက်နေတယ်လို့ ကိုဂျော်နီက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024