A d v e r t i s e m e n t With Us

ဟန်ဂေရီအသင်း နော်ဝေကိုနိုင်ပြီး ယူရိုခြေစစ်ပွဲအောင် (ရုပ်သံဟိုက်လိုက်)

နိုဝင်ဘာ ၁၅ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ယူရိုခြေစစ်ပွဲ ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်မှာ ဟန်ဂေရီက နော်ဝေကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ခြေစစ်ပွဲ အောင်မြင်သွားပါတယ်။ ဟန်ဂေရီအသင်းအတွက် ဦးဆောင်ဂိုးကို ၁၄ မိနစ်မှာ ပရစ်စကင် (Tamas Priskin) က သွင်းယူပြီး ဒုတိယဂိုးကို ၈၃ မိနစ်မှာ နော်ဝေ ကစားသမား မားကပ်စ် ဟန်ရစ်ခ်ဆန် (Markus Henriksen) ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာပါ။ နော်ဝေအတွက် တလုံးတည်းသော ချေပဂိုးကို ၈၇ မိနစ်မှာ ကိုယ့်ဂိုးကိုယ်သွင်းခဲ့တဲ့ မားကပ်စ် ဟန်ရစ်ခ်ဆန်ကပဲ ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ နော်ဝေက ဘောလုံးပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့်လည်း ပိုရခဲ့ပေမယ့် အရှုံးပေးလိုက်ရပါတယ်။ ဟန်ဂေရီဟာ ပထမအကျော့မှာတုန်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားတဲ့အတွက် နှစ်ပွဲပေါင်း ရလဒ် ၃ ဂိုး ၁ ဂိုးနဲ့ ခြေစစ်ပွဲ အောင်မြင်သွားတာပါ။ ဟန်ဂေရီအတွက်တော့ ၁၉၈၆ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူရိုပြိုင်ပွဲမှာ ခြေစစ်ပွဲ အောင်မြင်တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up