Saturday, June 10, 2023
HomeLead Storyဆီးရီးယားရှိ အိုင်အက်စ် ခြေကုပ်စခန်းများကို ပြင်သစ်တိုက်ခိုက်

ဆီးရီးယားရှိ အိုင်အက်စ် ခြေကုပ်စခန်းများကို ပြင်သစ်တိုက်ခိုက်

ပါရီမြို့ တိုက်ခိုက်ခံရအပြီး ၂ ရက်အကြာမှာ ပြင်သစ်တိုက်လေယာဉ်တွေဟာ ဆီးရီးယားမြေပေါ်က အိုင်အက်စ်အဖွဲ့ရဲ့ ခြေကုပ်စခန်းတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တိုက်လေယာဉ် ၁၀ စင်း ပါဝင်တဲ့ စစ်ဆင်ရေးကို ယူအေအီးနဲ့ ဂျော်ဒန်ကနေတဆင့်  တပြိုင်နက်တည်း ပြုလုပ်ခဲ့တယ်လို့ ပြင်သစ်စစ်တပ်က ကြေညာပြီး ဗုံး ၁၀ လုံး ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို အမေရိကန်စစ်တပ်နဲ့ ပူးတွဲ ပြုလုပ်တာဖြစ်ပြီး အိုင်အက်စ်အဖွဲ့ရဲ့ ဌာနချုပ်တခုနဲ့ တပ်သားစုဆောင်းရာဌာန၊ လက်နက်တိုက်တခုနဲ့ သင်တန်းကျောင်းတခုကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၃ ရက် ညပိုင်းက ပါရီမြို့ နေရာ အနည်းဆုံး ၆ ခုမှာ သေနတ်ပစ်ခတ်မှုနဲ့ အသေခံဗုံးခွဲမှုတွေအတွင်း စုစုပေါင်း လူ ၁၅၉ ဦး သေဆုံး၊ ၅၃၂ ဦး ဒဏ်ရာရခဲ့ပြီး အိုင်အက်စ်အဖွဲ့က သူတို့လက်ချက်ဖြစ်တယ်လို့ ကြေညာထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular