A d v e r t i s e m e n t With Us

မန်ယူ လူငယ်တိုက်စစ်မှူး လင်ဂတ်ကို အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ခေါ်ယူ

ဓာတ်ပုံ - ရိုက်တာ
အင်္ဂလန်လက်ရွေးစင်အသင်းက ခြေစမ်းပွဲစဉ်အတွက် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဂျက်ဆီ လင်ဂတ်ကို ခေါ်ယူထားပါတယ်။ အင်္ဂလန်ဟာ ပြင်သစ်အသင်းနဲ့ ၀င်ဘလေကွင်းကြီးမှာ နိုဝင်ဘာ ၁၇ ရက်နေ့ ခြေစမ်းပွဲ ကစားဖို့ စီစဉ်ထားပါတယ်။ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ အင်္ဂလန်အသင်းအတွက် ပထမဆုံးအကြိမ် ခေါ်ယူခံရတာ ဖြစ်ပါတယ်။ သူဟာ အင်္ဂလန်ရဲ့ ယူ ၂၁ အသင်းမှာ ၁၁ ကြိမ် ကစားထားပါတယ်။ လင်ဂတ်ဟာ မန်ယူ လူငယ်အကယ်ဒမီအသင်းကနေ ပေါ်ထွက်လာတာဖြစ်ပြီး မန်ယူအသင်းအတွက် ၇ ပွဲ ကစားပေးထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၀က်စ်ဘရွန်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ တိုက်စစ်မှူး လင်ဂတ်ဟာ မန်ယူအတွက် ပထမဆုံးဂိုးကို သွင်းယူပေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up