A d v e r t i s e m e n t With Us

ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတင်

ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဒီကနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ စတင်ကျင်းပပါတယ်။ ဒီကနေ့လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ လက်ရှိအမတ်တွေအနေနဲ့လည်း ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးမှာ မပါဝင်တော့ပေမယ့် အခုလွှတ်တော်အစည်းအဝေးမှာ သစ္စာရှိရှိ ဆောင်ရွက်ကြဖို့ နှုတ်ခွန်းဆက်စကားမှာ ပြောဆိုသွားပါတယ်။ ဒီကနေ့အစည်းအဝေးမှာတော့ ကုန်လမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများဥပဒေကြမ်း၊ ရထားပို့ ဆောင်ရေးလုပ်ငန်းများ ဥပဒေကြမ်းနဲ့ ကုန်သွယ်ရေကြောင်းသွားလာရေး ဥပဒေကြမ်းတို့ အစီရင်ခံစာတွေကို ဖတ်ကြားရှင်းလင်းကြားရှင်းလင်းသလို ပြည်ထဲရေးဝန်ကြီးဌာနက တင်သွင်းတဲ့ မြန်မာနိုင်ငံ ယစ်မျိုးအက်ဥပဒေကြမ်းနဲ့စပ်လျဉ်းပြီး တင်သွင်းထားတဲ့ ပြင်ဆင်ချက် အဆိုကို တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေးပြီး အတည်ပြုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up