ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်နိုင်
DVB
·
November 16, 2015
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်တည်ရှိနေပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထားပါတယ်။
နိုဝင်ဘာ ၁၆ ရက်နေ့ မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်မှာတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ ဒီကနေ့ညနေ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းကာ ရွာရန်ရာနှုန်း ၈၀ ရှိနိုင်ပြီး မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့် ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။