A d v e r t i s e m e n t With Us

တရုတ်အရှေ့ပိုင်း ဇီဂျန်ပြည်နယ် မြေပြိုမှု၊ လူ ၁၀ ဦးသေ ၂၇ ဦးပျောက်ဆုံး (ရုပ်သံ)

တရုတ်နိုင်ငံ အရှေ့ပိုင်းက ဇီဂျန် ပြည်နယ်ထဲမှာ မြေပြိုမှု ဖြစ်တဲ့အတွက် လူ ၁၀ ယောက် သေဆုံးပြီး ၂၇ ယောက် ပျောက်ဆုံးနေပါတယ်။ လစ်ဟိုင်မြို့နယ်မြေထဲမှာပါတဲ့ ရွာတရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က မြေပြိုမှု ဖြစ်ခဲ့တာပါ။ ပြိုကျတဲ့ ရွှံ့မြေနဲ့ ကျောက်မြေ ထုထည်ပမာဏက ကုဗမီတာ ၃ သိန်းလောက်အထိ ရှိပြီး အိမ် ၂၇ လုံးကို ဖုံးလွှမ်းသွားခဲ့တာကြောင့် လူပေါင်း ၃၀၀ ကို ကယ်ထုတ်ခဲ့ရပါတယ်။ ပြိုကျလာတဲ့ မြေသားတွေဟာ အဝေးပြေးလမ်းနားအထိ ရောက်တဲ့အတွက် ချောင်ချန်းနဲ့ ရှန်ဇန်း မြို့တွေကို ဆက်သွယ်ထားတဲ့ လမ်းမကြီးပေါ်က တချို့လမ်းပိုင်းမှာ အန္တရာယ် မဖြစ်အောင် ကယ်ဆယ်ရေးအဖွဲ့ တွေက ထိန်းသိမ်းပေးထားပါတယ်။ ကယ်ဆယ်ရေးလုပ်သား အင်အား ၂၃၀၀ နဲ့ စက်ယန္တယား ၃၀ လောက်နဲ့ ကယ်ဆယ်ရေးနဲ့ ရှင်းလင်းရေး လုပ်ငန်းတွေကို ဆက်လုပ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up