A d v e r t i s e m e n t With Us

လျှပ်စစ်ဓာတ်အားခများ ရန်ကုန်မြို့တွင်း လှည့်လည်ကောက်ခံ

ဓာတ်ပုံ - MOI
လျှပ်စစ်ဓာတ်အားခ ပေးဆောင်ရာမှာ အဆင်ပြေစေဖို့ ရန်ကုန်မြို့ရှိ မြို့နယ်တချို့မှာ မော်တော်ယာဉ်နဲ့ လှည့်လည်ကောက်ခံ ဆောင်ရွက်ပေးနေတယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရဲ့ လမ်းညွှန်မှုနဲ့ တာမွေမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား သုံးစွဲသူပြည်သူများ ဓာတ်အားသုံးစွဲခပေးဆောင်ရာမှာ အဆင်ပြေစေရေးအတွက် နိုဝင်ဘာလကစပြီး မြို့နယ်အတွင်း လှည့်လည်နှိုးဆော်အသိပေးပြီး ကောက်ခံဆောင်ရွက်နေတာပါ။ မော်တော်ယာဉ်နဲ့ မြို့နယ်ထဲမှာလှည့်ပြီး ဓာတ်အားခကောက်ခံတဲ့ ဝန်ဆောင်မှုလုပ်ငန်းကို Titan Source Co.,Ltd.က ဓာတ်အားသုံးစွဲတဲ့ ပြည်သူတွေ အဆင်ပြေစေဖို့ ဆောင်ရွက်စေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ လစဉ် ၁၂ ရက်ကနေပြီး ၂၃ ရက်ထိ မနက် ၉ နာရီမှ ညနေ ၃ နာရီထိ လှည့်လည်ပြီး ကောက်ခံပေးမှာဖြစ်ပြီး ဓာတ်အားခပေးဆောင်တဲ့ နေရာဌာနကိုလည်း နှစ်နေရာခွဲထားပါတယ်။ Titan Source Co.,Ltd. ကဓာတ်အားခများ မော်တော်ယာဉ်ဖြင့် ကောက်ခံတဲ့ ဝန်ဆောင်မှုကို ကျယ်ကျယ်ပြန့်ပြန့်တိုးချဲ့လုပ်ကိုင်ဆောင်ရွက်သွားမှာဖြစ်ပြီး သိလိုတဲ့အချက်အလက်တွေကို ဆက်သွယ်မေးမြန်းလိုပါက ဖုန်း ဝ၉ ၇၈၅၄၄၁၄၆၉ ကို ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up