A d v e r t i s e m e n t With Us

ပါရီပစ်ခတ်မှုတွင် သေဆုံးသွားသူများအတွက် ၀မ်းနည်းဆုတောင်းပွဲ ပြုလုပ်

ပါရီပစ်ခတ်မှုမှာ သေဆုံးသွားသူတွေအတွက် ၀မ်းနည်းဆုတောင်းပွဲတခုကို နိုဝင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်ပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့ ပစ်ခတ်မှုမှာ လူ ၁၅ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တဲ့ ကာဖေး ဆိုင်တခုရဲ့ အပြင်ဘက်မှာ ပြုလုပ်တာပါ။ သတင်းတွေအရ ည ၉ နာရီခွဲ ၀န်းကျင်မှာ ကားတစီး ၀င်လာပြီး လူအုပ်ထဲက သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့ ညပိုင်း ပစ်ခတ်မှုမှာ စုစုပေါင်း လူ၁၅၉ ယောက် သေဆုံးပြီး ၅၃၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဆေးရုံပေါ်က ၉၉ ယောက်က စိုးရိမ်ဖွယ် အခြေအနေမှာပဲ ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up