တရုတ် မြို့လယ်ခေါင်မှ စပါးအုံးမြွေကြီးကို ကယ်ဆယ်ရေးသမားများ ဖမ်းဆီး (ရုပ်သံ)

2.8K
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ယူနန်ခရိုင်ထဲက ယွမ်ယန်မြို့လယ်မှာ စပါးအုံး မြွေကြီးတကောင်တွေ့ခဲ့တဲ့အတွက် ကယ်ဆယ်ရေးသမားတွေက ဖမ်းဆီးခဲ့ရပါတယ်။
အဲဒီမြွေဟာ အရှည် ၂ ဒဿမ ၇ မီတာရှိပြီး အလေးချိန် ၁၅ ကီလိုဂရမ်ရှိကာ မြို့လယ်က လူနေထူထပ်တဲ့နေရာ သစ်ပင်တပင်ပေါ်မှာ တွေ့ခဲ့ရတာလို့ စီစီတီဗွီသတင်းမှာ နိုဝင်ဘာလ ၁၄ ရက်နေ့က ဖော်ပြပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ အဲဒီမြွေကို ဖမ်းဆီးပြီးတဲ့နောက်မှာ ပြည်နယ်ပြင်ပ တောနက်ထဲကို ပြန်လည်လွှတ်ပေးခဲ့ကြတာပါ။