A d v e r t i s e m e n t With Us

အမြွှာစုံတွဲ ငါးတွဲပါဝင်သည့် လက်ထပ်မင်္ဂလာပွဲ (ဓာတ်ပုံ)

အိန္ဒိယနိုင်ငံမှ အမြွှာညီနောင်ဟာ တခြားအမြွှာညီအစ်မနဲ့လက်ထပ်ခဲ့ပြီး အဲဒီ လက်ထပ်မင်္ဂလာပွဲမှာ ဘာသာရေးဆရာ၊ ပန်းကိုင်၊ အရံအဖြစ် အမြွှာစုံတွဲငါးတွဲနဲ့ ထူး ထူးခြားခြား ကျင်းပခဲ့ပါတယ်။ ဒင်ကာဗေရီကက်စရီနဲ့ ဒေးလ်ရက်ဂ်ျဗေရီကက်စရီအမည်ရတဲ့ အမြွှာညီနောင်ဟာ ရီနာနဲ့ ရီမာအမည်ရတဲ့ အမြွှာသတို့သမီး ညီအစ်မနဲ့ အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်၊ သရီဆာမြို့မှာ လက်ထပ်ခဲ့ကြတာလို့ စီစီတီဗွီသတင်းမှာ နိုဝင်ဘာလ ၁၅ ရက်နေ့ က ဖော်ပြပါတယ်။ အဲဒီသတို့သား အမြွှာညီနောင်ဟာ အထက်တန်းကျောင်းမှာကတည်းက သူတို့ရဲ့ ဖူးစာဘက် အမြွှာဇနီးတွေကို ငါးနှစ်ကြာရှာဖွေခဲ့ကြပြီး ခုလိုအမြွှာစုံတွဲတွေနဲ့ မင်္ဂလာပွဲဆင် နွှဲနိုင်ဖို့ ကြိုတင်စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ အမြွှာညီအစ်ကိုဟာ သူတို့ဖူးစာရှင်ရှာဖွေဖို့ သတင်းစာထဲမှာ ကြော်ငြာထည့်ခဲ့ပြီး ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာမှာပါ အုပ်စုတခုဖွဲ့ပြီး သတို့သမီး ရှာဖွေခဲ့ကြတယ်လို့ မေးလ်အွန်လိုင်းသတင်းကဆိုပါတယ်။ နောက်ဆုံးမှာတော့ သူတို့နဲ့ထပ်တူကျတဲ့ အချစ်စစ် ရှာဖွေတွေ့ရှိခဲ့တာကို ဒေးလ်ရက်ဂ်ျက “ကျနော်တို့ ရီနာနဲ့ ရီမာကိုတွေ့ချိန်မှာ သူတို့ဟာ ကျနော်တို့ တချိန်လုံးရှာဖွေနေတဲ့ သူတွေဆိုတာ သိခဲ့ပါတယ်။ သူတို့မှာလည်း ကျနော်တို့နဲ့တွေ့ပြီးချိန်မှာ ခံစားချက်တွေ တူနေခဲ့တာပါ”လို့ ပြောပါတယ်။ သတင်းဓာတ်ပုံ - စီစီတီဗွီ  

A d v e r t i s e m e n t With Us

More News
Up