A d v e r t i s e m e n t With Us

အစိုးရသစ်ကို အာဏာလွှဲပြောင်းပေးမည်ဟု သမ္မတ ကတိပြု

လွှတ်တော်တွေခေါ်ယူပြီး ပေါ်ပေါက်လာမယ့် အစိုးရသစ်ကို အာဏာလွှဲပြောင်းပေး သွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ကတိပြု ပြောကြားလိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်ပြည်သူ့လွှတ်တော်ခန်းမမှာ ပြုလုပ်တဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံစဉ်မှာ သမ္မတက အခုလို ပြောကြားလိုက်တာပါ။ သမ္မတက “တာဝန်တွေအားလုံးကို နောက်လာမယ့် အစိုးရသစ်ဆီ စနစ်တကျ အစီအစဉ်အတိုင်း လွှဲပြောင်းသွားမှာပါ။ ဘာတခုမှ စိုးရိမ်စရာမလိုအောင် သိမ်မွေ့ပြီး တည်ငြိမ်တဲ့ အကူး အပြောင်းကာလ ဖြစ်စေရပါမယ်လို့ ကျနော်တို့ကတိပေးပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်မရခဲ့တဲ့ နိုင်ငံရေးပါတီတွေကိုလည်း ကျနော်ခေါ်တွေ့ချင်ပါတယ်။ နောက်ပိုင်းမှာ ဒီမိုကရေစီစနစ်ဟာ အသက်ဝင်လာပါလိမ့်မယ်။” ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်းက “ကျနော်တို့ပါတီအနေနဲ့ ဒီနေ့အထိ လက်ကိုင်ထားတာကတော့ အမျိုးသားပြန်လည်ရင် ကြားစေ့ရေးပါပဲ။ လာမယ့်အနာဂတ်ကာလမှာလည်း ငြိမ်းချမ်းစွာနဲ့ ဒီပေါ်လစီကို ရှေ့ဆက် အကောင်အထည်ဖော်သွားမယ်”လို့ ပြောပါတယ်။ ရန်ကုန်ပြည်သူ့လွှတ်တော်ခန်းမမှာ ပြုလုပ်တဲ့ ဒီတွေ့ဆုံပွဲမှာ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ၉၁ ပါတီထဲက ၈၆ ပါတီက ကိုယ်စားလှယ် ၂ ဦးစီ တက်ရောက်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up