A d v e r t i s e m e n t With Us

ပြင်သစ်တွင် အမြန်ရထား လမ်းချော်တိမ်းမှောက်

ပြင်သစ်နိုင်ငံ၊ အရှေ့ပိုင်းက စထရပ်စ်ဘူ Strasbourg မြို့အနားမှာ နိုဝင်ဘာ ၁၄ ရက်နေ့က အမြန်ရထားတစင်း လမ်းချော်တိမ်းမှောက်ခဲ့လို့ လူအနည်းဆုံး ၁၀ ဦး သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။ လာမယ့်နှစ်မှာဖွင့်လှစ်မယ့် ပါရီမြို့တော်နဲ့ စထရပ်စ်ဘူမြို့တို့ ချိတ်ဆက်မယ့် ရထားလမ်းပိုင်းကို စမ်းသပ်မောင်းရင်း အခုလို ရထားလမ်းချော်ပြီး တူးမြောင်းထဲကို ကျသွားခဲ့တာပါ။ ရထားအရှိန်များလွန်းလို့ လမ်းချော်တာလို့ အာဏာပိုင်တွေက ဆိုပါတယ်။ ရထားလမ်းအင်ဂျင်နီယာ ၄၉ ဦး ရထားနဲ့ လိုက်ပါသွားကြပြီး ဒဏ်ရာရသူတွေထဲက ၁၁ ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောဆိုပါတယ်။  

A d v e r t i s e m e n t With Us

More News
Up