ဂရိနိုင်ငံ ကျွန်းစုတခုတွင် အပျော်စီးလှေ၂ စီး မီးလောင် (ရုပ်သံ)

ဂရိနိုင်ငံအရှေ့ပိုင်း၊ လက်စ်ဘော့စ်ကျွန်းစုထဲမှာ နိုဝင်ဘာလ ၁၄ ရက်နေ့ညပိုင်းက အပျော်စီးလှေ ၂ စီး မီးလောင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတယောက်မှမရှိဘူးလို့ သတင်းထုတ်ပြန်ပါတယ်။ ခရိုအေးရှားနိုင်ငံ အလံလွှင့်တင်ထားတဲ့ ခရီးသည်တဦးမှမပါရှိတဲ့ အပျော်စီ သင်္ဘောငယ်တစင်းဟာ မော်လီဗော့စ်မြို့သင်္ဘောကျင်းထဲမှာ စတင်မီးလောင်ကျွမ်းခဲ့ပြီး အနီးအနားက လှေတစီးကို မီးကူးလောင်ကျွမ်းခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ မော်လီဗော့စ်မြို့ ကမ်းခြေစားသောက်ဆိုင်ပိုင်ရှင် ဒီမီထရစ်က “အဲဒီနေ့နေ့လယ်ပိုင်းမှာ ခရိုအေးရှားအလံတပ်ထားတဲ့ အပျော်စီး မီးသင်္ဘောကမ်းကိုကပ်ပြီး ကျောက်ချခဲ့တယ်။ ညနေပိုင်း သင်္ဘောအမှုထမ်းတွေ ကျနော့်ဆိုင်မှာ ညစာစားနေတုန်းမှာ မီးလောင်ခဲ့တာ” လို့ ပြောပါတယ်။ အဲဒီနေရာကို မီးလောင်ကျွမ်းချိန်မိနစ် ၅၀ အကြာမှာ ရဲတွေရောက်လာခဲ့ပြီး မိနစ် ၄၀ ကြာ မီးငြိမ်းသတ်မှုတွေ လုပ်ခဲ့ရကာ စုံစမ်းစစ်ဆေးမှုတွေဆက်လုပ်နေတာပါ။ လက်စ်ဘော့စ်ကျွန်းစုဟာ အရှေ့အလယ်ပိုင်းမှ ဒုက္ခသည်တွေကို နေ့စဉ်ပျမ်းမျှဦးရေ ၃၀၀၀ လောက် လက်ခံနေရတာဖြစ်ပြီး မီးလောင်မှုဖြစ်တဲ့နေရာနဲ့ အနီးဆုံးဒုက္ခသည်စခန်းဟာ ၁ ကီလိုမီတာလောက်သာဝေးတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up