Wednesday, May 31, 2023
HomeLead Storyဒေါ်အောင်ဆန်းစုကြည်နှင့် နိုဝင်ဘာ ၁၉ ရက်နေ့တွေ့မည်ဟု ဦးရွှေမန်းပြော

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုဝင်ဘာ ၁၉ ရက်နေ့တွေ့မည်ဟု ဦးရွှေမန်းပြော

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းမှုကို လာမယ့် နိုဝင်ဘာလ ၁၉ ရက်နေ့  မနက် ၉  နာရီမှာ လက်ခံ တွေ့ဆုံမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်ထံ အကြောင်းပြန်လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းတို့ ပြည်သူ့လွှတ်တော်မှာ ဒီနေ့ မနက် ၁၀ နာရီကနေ ၁၁ နာရီခွဲအထိ တွေ့ဆုံခဲ့ပြီးနောက် ဦးရွှေမန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ အခုလို ကြေညာလိုက်တာပါ။

ဒီနေ့တွေ့ဆုံရာမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို နှစ်သိမ့်အားပေးခဲ့သလို ဒီမိုကရေစီနည်းလမ်းကျကျ ရွေးကောက်ပွဲရလဒ်ကို ဆောလျင်စွာ လက်ခံခဲ့မှုကို လေးစားဂုဏ်ပြုကြောင်း ပြောကြားခဲ့တယ်လို့ ဦးရွှေမန်းက ဆိုပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်များအတွင်း လွှတ်တော်ရေးရာကိစ္စရပ်တွေကို အောင်မြင်အဆင်ပြေစွာ ဆက်လက်ဆောင်ရွက်ပေးဖို့ ပြောကြားခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြည်ခိုင်ဖြိုးပါတီ၊ အခြားပါတီကိုယ်စားလှယ်တွေနဲ့အတူ ဒီမိုကရေစီလုပ်ငန်းတွေ အောင်မြင်အဆင်ပြေစွာ ဆောင်ရွက်ရေးအတွက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမယ့်အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular