A d v e r t i s e m e n t With Us

မြန်မာ-ထိုင်း ပူးပေါင်းပြီး ရှင်သာမဏေအပါး ၃၀၀ ခန့် ရှင်ပြုပွဲပြုလုပ် (ဓာတ်ပုံ)

မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းပြီး ရှင်သာမဏေအပါး ၃၀၀ လောက် ရှင်ပြုပွဲကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ လောကမာရ်ဇိန်ဘုရားကြီးမှာ ဒီနေ့ မနက် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထားဝယ်မြို့က ဘုန်းတော်ကြီးသင် စာသင်ကျောင်းက ကလေးတွေ၊ မိဘမဲ့ကလေးတွေအပါအ၀င် ကလေးငယ် ၃၀၀ လောက်ကို ရှင်ပြုပေးခဲ့တာပါ။ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ပူးပေါင်း ပြုလုပ်တဲ့ ရှင်ပြုပွဲကို  ထိုင်းနိုင်ငံ ဓမ္မကာရကျောင်းက ထိုင်းသံဃာတော်တွေနဲ့ မြန်မာနိုင်ငံက ဖြူစင်နှလုံး Good Heart ပရဟိတဖောင်ဒေးရှင်းတို့ ပူပေါင်းပြုလုပ်ခဲ့တာလို့ မြန်မာ-ထိုင်းဘာသာပြန် မသီတာလွင်က ပြောပါတယ်။ ဒီပွဲကို ထိုင်းနိုင်ငံက ဆရာတော်တွေ၊ ဒကာ ဒကာမတွေ၊ ပံ့ပိုးမှုအပါအဝင် မြန်မာနိုင်ငံက အလှူတွေလည်း ပူပေါင်းပါဝင်လှူဒါန်းခဲ့ကြတယ်လို့ ဆိုပါတယ်။ သတင်းဓာတ်ပုံ - ထွန်းကျော်မောင်  

A d v e r t i s e m e n t With Us

More News
Up