A d v e r t i s e m e n t With Us

ရဲအရာရှိကို ရိုက်နှက်သည့် အမျိုးသမီး ပြည်နှင်ဒဏ်ပေးခံရမည်(ရုပ်သံ)

ရှန်ဟိုင်းမြို့လယ် လမ်းဆုံလမ်းခွတခုမှာ ကိုရီးယား-အမေရိကန်ကပြားအမျိုး သမီးတဦးဟာ ရဲအရာရှိတဦးကို တိုက်ခိုက်ရိုက်နှက်ခဲ့တဲ့အတွက် သုံးလဖမ်းဆီးထိန်းသိမ်းခံရပြီး ပြည်နှင်ဒဏ်ပေးခံရမှာ ဖြစ်ပါတယ်။ သူဟာ လမ်းဆုံလမ်းခွမှာ တာဝန်ကျရဲအရာရှိကို ရိုက်နှက်နှိပ်စက်နေတဲ့ ရုပ်သံ ဗွီဒီယိုဖိုင်ကို စီစီတီဗွီသတင်းမှာ နိုဝင်ဘာလ ၁၄ ရက်နေ့က ဖော်ပြပါတယ်။ အသက် ၂၉ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ သူ့ရဲ့ချစ်သူနဲ့အတူ လျှပ်စစ်ဆိုင် ကယ်စီးလာခဲ့တာဖြစ်ပြီး တာဝန်ကျရဲအရာရှိက လမ်းမပေါ် နောက်ဆွယ်ထိုင်ခုံပေါ်က စီးနင်းခွင့်မပြုနိုင်ကြောင်း ပြောခဲ့ချိန်မှာ ဒေါသတကြီး တုံ့ပြန်ခဲ့တာပါ။ လက်ရှိမှာတော့ သူ့ကို ဂျီအန်းခရိုင် ပြည်သူ့တရားရုံးမှာ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ရုပ်သံ - စီစီတီဗွီ

A d v e r t i s e m e n t With Us

More News
Up