ချစ်ကြည်ရေးခြေစွမ်းပွဲ နယ်သာလန် ၃-၂ ဝေးလ်စ် (ရုပ်သံဟိုက်လိုက်)

933
နိုင်ငံတကာ ချစ်ကြည်ရေးခြေစမ်းပွဲအဖြစ် နိုဝင်ဘာ ၁၄ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ နယ်သာလန်အသင်းက ဝေးလ်စ်အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
နယ်သာလန်အသင်းအတွက် ပထမဂိုးကို ၃၂ မိနစ်မှာ ဂိုးဧရိယာအစပ် ညာခြမ်းက ဖြတ်တင်ပေးတဲ့ဘောလုံးကို ဘက်စ်ဒေါ့စ်က ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။
ပထမပိုင်းပွဲပြီးခါနီးမှာ ဝေးလ်စ်အသင်းက ထောင့်ကန်ဘောရရှိပြီး ကန်တင်ရာမှာ နယ်သာလန်အသင်း ကျောနံပါတ် ၅ ရွန်ဂိုလို လက်နဲ့ ထိသွားလို့ ဒိုင်က အ၀ါကတ်ပြပြီး ပင်နယ်တီပေးခဲ့ပါတယ်။
ပင်နယ်တီကို အလန်က ကန်သွင်းရာမှာ ဂိုးသမား ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ဘောလုံးကို ဂျိုးလက်လေက ဂိုးသမား ဘယ်ဘက်ထောင့်ကို သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာ ၁-၁ ဂိုးနဲ့ သရေကျသွားပါတယ်။
ဒုတိယပိုင်းပြန်စပြီး ၅၄ မိနစ်မှာတော့ နယ်သာလန်အသင်းက အာဂျန်ရော်ဘင် တကိုယ်တော်ခြေစွမ်းပြပြီး ဝေးလ်စ်နောက်တန်းကစားသမားတွေ လိုက်လံဖျက်ထုတ်နေတဲ့ကြားက ဂိုးသမားရဲ့ ညာဘက်ထောင့်ကို လှလှပပ မြေလှိမ့်ဘော ကန်သွင်းယူခဲ့ပါတယ်။
ပွဲချိန် ၇၀ မိနစ်မှာတော့ ဝေးလ်စ်အသင်းအတွက် ဒုတိယ ခြေပဂိုးကိုတော့ ဂိုးဧရိယာအစပ် ညာခြမ်းက ဖြတ်တင်ပေးတဲ့ဘောလုံးကို အဲမိုင်ဟွေးစ်က ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။
နယ်သာလန်အသင်းအတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် ၈၁ မိနစ်မှာ အသင်းခေါင်းဆောင် အာဂျန်ရော်ဘင်ကပဲ ခြေစွမ်းပြသွင်းယူခဲ့လို့ ၃-၂ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။