Sunday, May 28, 2023
HomeLead Storyပါရီ ၆ နေရာ တိုက်ခိုက်မှု အိုင်အက်စ်လက်ချက်ဟု ကြေညာ

ပါရီ ၆ နေရာ တိုက်ခိုက်မှု အိုင်အက်စ်လက်ချက်ဟု ကြေညာ

အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ပြင်သစ်နိုင်ငံ ပါရီမြို့ နေရာ ၆ ခုမှာ တိုက်ခိုက်မှုကို  သူတို့ လက်ချက်လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၃ ရက် ည  တိုက်ခိုက်မှုမှာ သေနတ်နဲ့ပစ်ခဲ့သလို၊ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၅၀ ထက် မနည်း သေဆုံးခဲ့ပြီး ၃၀၀ ၀န်းကျင် ဒဏ်ရာရသွားပါတယ်။

ပါရီမြို့လယ်မှာ ရှိတဲ့  ဘာတာကလန် ဇာတ်ရုံ (Bataclan concert hall) အပါအ၀င် နေရာ ၆ နေရာမှာ အကြမ်းဖက်သမားတွေက တိုက်ခိုက်ခဲ့တာပါ။

လောလောဆယ်မှာတော့ ပြင်သစ်နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး နယ်စပ်ထွက်ပေါက် အားလုံးကိုလည်း ပိတ်ထားပါတယ်။

ပါရီမြို့တွင်း လုံခြုံရေးကို တိုးမြှင့်ပြီး စစ်တပ်အင်အား ၁၅၀၀ ကိုလည်း တာဝန်ပေးထားပါတယ်။

ဒီတိုက်ခိုက်မှုဟာ ပြင်သစ်မှာ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း အဆိုးရွားဆုံး ဖြစ်ပါတယ်။  ပြင်သစ်ဟာ အိုင်အက်စ်အဖွဲ့ကို ချေမှုန်းနေတဲ့ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းမှာ ပါဝင်ပြီး အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တာကို တပ်လှန့်ထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ဒီလို တပ်လှန့်ထားတဲ့ ကြားက အခုလို တိုက်ခိုက်ခံရတဲ့အတွက် မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular