Home
မြန်မာသတင်း
လွိုင်ကော်မြို့က တယ်လီနောဖုန်းတိုင် ကန့်ကွက်ခံရ
DVB
·
November 14, 2015
12246809_1520879174889049_658025862202329030_n
12189129_1520879194889047_1383479760018056694_n
ကယားပြည်နယ် လွိုင်ကော်မြို့ နောင်းယား(က)ရပ်ကွက် ဘုရင့်နောင်လမ်း အိမ်အမှတ် (န/၃၂၄) နေအိမ်ခြံဝင်းအတွင်း တယ်လီနော ဖုန်းတိုင် စိုက်ထူခဲ့ရာမှာ ပတ်ဝန်းကျင် အိမ်တွေကို အသိမပေးခဲ့တာကြောင့် ရပ်ကွက်အတွင်း နေထိုင်သူတွေက ပြည်နယ် ဝန်ကြီးချုပ်ဆီကို လက်မှတ်ထိုး ကန့်ကွက်စာ တင်ခဲ့ပါတယ်။ တယ်လီနော ဖုန်းတိုင်ကြောင့် စက်သံဆူညံတာအပါအ၀င် နေအိမ်အချို့မှာ မွေးမြူထားတဲ့ ဝက်တွေ သေဆုံးတာနဲ့ ဇီးတင်ရာမှာ မအောင်မြင်တာဟာ ဖုန်းတိုင်ကြောင့်လို့ ဒေသခံတွေက ယူဆတာကြောင့် ကန့်ကွက်ခဲ့ကြတာပါ။ နောင်ယား (က) ရပ်ကွက်မှာနေထိုင်တဲ့  ဆရာမ နော်အားစေးက “သိတဲ့အတိုင်း ဒို့လူတွေက ဆင်းရဲတယ်။ အရက်ချက်၊ ၀က်မွေးပေါ့။ အဲဒီဟာနဲ့ သူတို့လုပ်ကိုင်စားသောက်လာတဲ့ အခါကျတော့ ၀က်တွေက အစုအပြုံလိုက်သေနေတဲ့အခါကျတော့ အဲဒီနားတ၀ိုက်ပဲ သေတာ။ သေတဲ့အခါကျတော့ သူတို့က လာပြောတဲ့အခါကျတော့ ဒါမလုပ်လို့ မဖြစ်တော့ဘူး။ ဒါကြောင့်မို့ ဒီတိုင်က ကလေးတွေရဲ့ သားသမီး မြေး၊ မြစ်တွေနရဲ့ ကျန်းမာရေးကို ကြည့်ပြီးတော့မှ ဖြုတ်သင့်တယ်။ ဒါကြောင့်မို့ ဒီတိုင်ကို ဖြုတ်ဖို့ လုပ်ရခြင်းဖြစ်တယ်” လို့ ပြောပါတယ်။ ဒီလိုကန့်ကွက်မှုရှိတာနဲ့ပတ်သက်ပြီး ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၊ မွေးမြူရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း နဲ့ တယ်လီနော တာဝန်ခံ တွေက နောင်ယား (က) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့မနက် ၉ နာရီအချိန်မှာ တွေ့ဆုံဖြေရှင်းခဲ့ပါတယ်။ 12246809_1520879174889049_658025862202329030_nတယ်လီနော တာဝန်ခံ ကိုပိုင်သူစိုးက “မှန်ပါတယ်။ မီးစက်က အသံမထွက်ဘူး မဟုတ်ဘူး။ ထွက်ပါတယ်။ ကျနော်တို့ဒီမှာ မီးက မရရှိသေးသရွေ့ မီးစက် run ပါတယ်။ တကယ်လို့ ပတ်ဝန်းကျင်က မခံနိုင်ဘူးဆိုရင် တာဝါကုမ္ပဏီကိုလည်း အမြန်းဆုံး ပါဝါမီတာနဲ့ run ပေးဖို့ ကျနော်တို့ မေတ္တာရပ် ခံထား ပါတယ်။ သူတို့လည်း လုပ်ပေးနေပါတယ်။ အဲတော့ဒီကြားထဲမှာ မီးစက်ဒဏ်မခံနိုင် ဘူးဆိုလို့ ကျနော်တို့ စက်ကိုတော့ ရပ်ထားလိုက်ပါတယ်။ ပါဝါမီတာနဲ့ run တဲ့အခါကျရင်တော့ အဆင်ပြေမယ် လို့ မျှော်လင့်ပါတယ်။ အားလုံးအတွက်က ဒီဆက်သွယ်ရေးက မရှိမဖြစ်လိုအပ်နေ တာပဲ။ အဲတော့ ပြည်သူတွေ အနေနဲ့ စိုးရိမ်မှုတွေမရှိပါနဲ့။ တကယ်လည်း ကျန်းမာ ရေးအရ မထိခိုက်ပါဘူး။ အားလုံး စိုးရိမ်မှုတွေကိုလည်း လျော့စေချင်ပါတယ်” လို့ ပြောပါတယ်။ လွိုင်ကော်မြို့မှာ တယ်လီဖုန်းတာ ၀ါတိုင်တွေ တော်တော် များများး ဆောက်လုပ်ပြီး စီးသွားပြီဖြစ်ပြီး လက်ရှိ အကြမ်းဖြင့် တိုင် ၃၀ တော့ စတင်လည်ပတ်နေပြီလို့ ကိုပိုင်သူစိုးက ပြောပါ တယ်။ လွန်ခဲ့တဲ့ အပတ်တွေတုန်းက လည်း လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာ အုပ်စု ထေးတမကျေး ရွာက  အော်ရီဒူး ဖုန်းတိုင် ဆူညံလို့ဆိုပြီး  ဖျက်ဆီးခံခဲ့ရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ခွန်းတူးတူးလေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024