အာရှက အမျိုးသမီး ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေးသမား (ရုပ်သံ)

Angela Lee applies the first twister submission seen in the ONE Championship cage.

Singapore's Angela Lee takes the win over Natalie Gonzales Hills from the Philippines.

Dux Carvajal

Dux Carvajal

Dux Carvajal

Angela Lee applies the first twister submission seen in the ONE Championship cage.
3.5K
စင်ကာပူမှာ နိုဝင်ဘာ ၁၃ ရက်နေ့က ကျင်းပနေတဲ့ ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေးပြိုင်ပွဲမှာ အာရှက အမျိုးသမီး တိုက်ခိုက်ရေးသမား အိန်ဂျယ်လာလီက ပြိုင်ဘက် နာတာလီ ဂွန်ဇာလက်ကို အနိုင်ရရှိသွားပါတယ်။
ဒီအတွက် အသက် ၁၉ နှစ် စင်ကာပူက အိန်ဂျယ်လာလီက ပထမအချီမှာ ပြိုင်ဘက်ကို အလဲထိုး အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။လီရဲ့ ဖခင်က စင်ကာပူနိုင်ငံသားဖြစ်ပါတယ်။
စင်ကာပူမှာ ဒုတိယအကြိမ် ထိုးသတ်တာဖြစ်ပြီး ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကြောင့် ထိုးသတ်ရတာ ခက်ခဲတယ်လို့ လီက ပြောပါတယ်။
လီရဲ့ နာမည်ပြောင်က ရပ်တန့်မရနိုင်ဖြစ်ပြီး ဒီပွဲအနိုင်ကြောင့် ၃ ပွဲဆက် အနိုင်ရရှိတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။
၂၀၁၄ ခုနှစ် အပျော်တမ်းသမားကနေ အခုလို ပရော်ဖက်ရှင်နယ်တဦးအဖြစ် တက်လှမ်းနိုင်တာ ဖြစ်ပါတယ်။