Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ရိတ်သိမ်းသူမဲ့ စပါးခင်းများကို သံဃာတော်များနှင့်ရှမ်းတပ် ကူညီရိတ်သိမ်း
DVB
·
November 14, 2015
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး ဒေသခံတွေ ထွက်ပြေးနေတာကြောင့် စပါးစိုက်ခင်းတွေ ရိတ်သိမ်းသူမရှိလို့ သံဃာတော်တွေနဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းတပ်ဖွဲ့ဝင်တွေ ကူညီရိတ်သိမ်းပေးနေရပါတယ်။ ဒေသခံ ကိုစိုင်းစိုင်းက "လူတွေအားလုံးထွက်ပြေးနေတော့ စပါးလည်း ရိတ်မဲ့သူမရှိဘူး၊ ဒါကြောင့် သံဃာတော်တွေနဲ့ အက်စ်အက်စ်ပီပီ၊ အက်စ်အက်စ်အေ တပ်သားတွေ ကူညီရိတ်သိမ်းပေးနေတာပါ" လို့ ပြောပါတယ်။ နိုဝင်ဘာ ၁၄ ရက်နေ့ မနက် ၁၀ နာရီလောက်က ဒေသခံတွေ၊ သံဃာတော်တွေ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေ တပ်ဖွဲ့ဝင်တွေ ကောက်ရိတ်သိမ်းချိန်မှာ ၀မ်ဆော့ကျေးရွာတောင်ဘက်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး သေနတ်သံ၊ ဗုံးသံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းရဲ့ ၀မ်းဟိုင်းဌာနချုပ်ပါအအ၀င် မိုင်းရှူး ကျေးသီးနဲ့ မိုင်းနောင်မြို့နယ်တွေမှာ အစိုးရတပ်က လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ပြုလပ်နေတဲ့ပေါ် တအောင်းပလောင်တပ်မတော်က အပြင်းအထန်ရှုတ်ချကန့် ကွက်ကြောင်း ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နိုဝင်ဘာလအတွင်း တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်ပွားနေတာကြောင့် ဒေသခံ ရွာသားတွေ လားရှိုးနဲ့ မိုင်းရှုးမြို့တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ သတင်းဓာတ်ပုံ - ကိုဇက်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024