ပါရီတိုက်ခိုက်မှုအပြီး ချင်းမိုင်တွင် လုံခြုံရေး တိုးမြှင့်

819
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့အခြေစိုက် နိုင်ငံတကာသံရုံးတွေကို လုံခြုံရေးပိုပြီး တိုးမြှင့်ထားမယ်လို့ ချင်းမိုင် ရဲချုပ်ကြီးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာ ၁၃ ရက်နေ့က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့နောက်ပိုင်း ချင်းမိုင်မြို့ရဲ့ လုံခြုံရေးကို တိုးမယ်လို့ ရဲချုပ်က ပြောဆိုကြောင်း ထိုင်း ဘီပီအက်စ်(BPS) သတင်းဌာနက ဆိုပါတယ်။
မြို့တော် ဘန်ကောက်မှာတော့ ပြင်သစ်သံရုံးအပါအ၀င် ဥရောပနိုင်ငံက သံရုံးတွေမှာ ထိုင်းရဲတပ်ဖွဲ့က ၂၄ နာရီ လုံခြုံရေးယူထားကြောင်းလည်း ဖော်ပြထားပါတယ်။