ပါရီတိုက်ခိုက်ခံရမှု ဖုန်းကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သူ (ရုပ်သံ)

ပြင်သစ်နိုင်ငံ ပဲရစ်က စတိတ်ဒီဖရန့် ဘောလုံးကွင်းအနီး ပေါက်ကွဲမှုမှာ အသက်ရှင်ကျန်ခဲ့သူတဦးက ဖုန်းကြောင့် အသက်ဘေးက လွတ်မြောက်သွားတယ်လို့ ပြောပါတယ်။ နိုဝင်ဘာ ၁၃ ရက် ညပြင်သစ်မှာ သေနတ်သမားနဲ့ ဗုံးခွဲတိုက်ခိုက်သူတွေရဲ့ ပစ်ခတ်တိုက်ခိုက် ပေါက်ကွဲမှုတွေကြောင့် လူ ၁၂၀ ကျော်လောက် သေဆုံးသွားပါတယ်။ ဘောလုံးကွင်းအနီး ပေါက်ကွဲမှုဖြစ်ပွားနေစဉ် ဖြတ်လျှောက်လာတဲ့ ဆီဗက်စတာက ဖုန်းချလိုက်တာနဲ့ ပေါက်ကွဲသံကို ကြားလိုက်တယ်လို့ ပြောပါတယ်။ ရှေ့တည့်တည့်မှာ ဖြစ်ပွားနေတဲ့ ပေါက်ကွဲမှုက ထွက်လာတဲ့ အပျက်အစီးအစိတ်အပိုင်းတွေက သူဆီကို ရောက်လာတဲ့ အခါမှာအိတ်အတွင်းက ဆမ်ဆောင်းဖုန်းကို ထိမှန်ခဲ့ပြီး အသက် ချမ်းသာရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒီအတွက် ဖုန်းက ကွေးညွန်သွားပြီး စခရင်က ကွဲသွားသလို ဖုန်းမှာ အပေါက်လေးဖြစ်ကျန်ခဲ့ပါတယ်။ ပဲရစ်က ပြဇာတ်ရုံဘောလုံးကွင်းနဲ့ နေရာတချို့မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် ပြင်သစ်နိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။

More News
Up