A d v e r t i s e m e n t With Us

ချစ်ကြည်ရေးခြေစမ်းပွဲ ဘယ်လ်ဂျီယံ ၃-၁ အီတလီ (ရုပ်သံဟိုက်လိုက်)

နိုဝင်ဘာ ၁၃ ရက်နေ့ ညက ဘယ်ဂျီယံနိုင်ငံမှာ ယှဉ်ပြိုင်တဲ့ ဘယ်လ်ဂျီယံအသင်းနဲ့ အီတလီအသင်းတို့ရဲ့ ချစ်ကြည်ရေး ပွဲစဉ်မှာတော့ ဘယ်လ်ဂျီယံအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပူပူနွေးနွေး ကမ္ဘာ့အဆင့် ၁ ဖြစ်လာခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းဟာ ပွဲချိန်တော်တော်များများ အီတလီအသင်းကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လ်ဂျီယံအသင်းရဲ့ အထနှေးတဲ့ ကစားပုံကြောင့် ပွဲအစ ၃ မိနစ်မှာပဲ တောင်ပံကစားသမား ကန်ဒရီဗာက အီတလီအတွက် အဖွင့်ဂိုး သွင်းယူသွားခဲ့ပါတယ်။ ၁၃ မိနစ်မှာတော့ ထောင့်ကန်ဘောကနေတဆင့် ဘယ်လ်ဂျီယံ နောက်ခံလူ ဗာတိုဂန်က ခေါင်းတိုက်ပြီး ခြေပဂိုး သွင်းယူခဲ့ပါတယ်။ အီတလီအသင်းက တန်ပြန်တိုက်စစ်ကနေတဆင့် အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ပွဲချိန် ၇၄ မိနစ်မှာ ဒီဘရိုင်းက ဘယ်လ်ဂျီယံအသင်းအတွက် အနိုင်ဂိုး သွင်းယူပါတယ်။ ပွဲချိန် ၈၃ မိနစ်မှာတော့ ဘယ်လ်ဂျီယံလူငယ်တိုက်စစ်မှူး ဘတ်ရွာရီက ဘယ်ခြေနဲ့ လှလှပပ ကန်သွင်းပြီး ၃ ဂိုး ၁ ဂိုးနဲ့ ဘယ်လ်ဂျီယံက အနိုင်ရသွားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up