တောင်အမေရိက ခြေစစ်ပွဲ အာဂျင်တီးနား ၁-၁ ဘရာဇီး (ရုပ်သံဟိုက်လိုက်)

1.4K
နိုဝင်ဘာ ၁၄ ရက် မနက်က ယှဉ်ပြိုင်သွားတဲ့ ၂၀၁၆ ကမ္ဘာ့ဖလားအတွက် တောင်အမေရိကဇုန် ခြေစစ်ပွဲဖြစ်တဲ့ အာဂျင်တီးနားနဲ့ ဘရာဇီးပွဲမှာတော့ တဖက် ၁ ဂိုးစီနဲ့ သရေကျသွားပါတယ်။
အိမ်ရှင် အာဂျင်တီးနားက ခြေအသာနဲ့ ဖိကစားနိုင်ခဲ့ပြီး ပွဲချိန် ၃၄ မိနစ်မှာ ဟီဂူအင် ညာခြမ်းက ချပေးတဲ့ ဘောလုံးကို လာဗက်ဇီက ပိတ်သွင်းပြီး အာဂျင်တီးနားအတွက် အဖွင့်ဂိုး သွင်းယူသွားပါတယ်။
အဓိကစားသမား မက်ဆီ မပါဝင်တဲ့ အာဂျင်တီးနားဟာ ပွဲချိန်တော်တော်များများကို ဖိကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း ၅၈ မိနစ်မှာတော့ လူးကပ်စ် လီမာက ဘရာဇီးအတွက် ခြေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ကျန်ပွဲချိန်တွေမှာတော့ တဖက်နဲ့ တဖက် ဂိုးထပ်မသွင်းနိုင်တော့ပဲ သရေ ရလဒ်နဲ့ ပြီးဆုံးသွားပါတယ်။
၁၀ သင်းပါဝင်တဲ့ တောင်အမေရိကဇုန် ခြေစစ်ပွဲ အုပ်စုပတ်လည်ပွဲစဉ်တွေမှာ သုံးပွဲစီ ကစားပြီးထားပြီး အီကွေဒေါ အသင်းက သုံးပွဲနိုင်ရလဒ်နဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။
ဘရာဇီးကတော့ ၁ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးရလဒ်နဲ့ အဆင့်ငါးနေရာမှာ ရပ်တည်နေပြီး အာဂျင်တီးနားကတော့ ၂ ပွဲသရေ ၁ ပွဲရှုံးရလဒ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။