A d v e r t i s e m e n t With Us

ပြင်သစ် အကြမ်းဖက်တိုက်ခိုက်မှု ၁၀၀ ကျော် သေဆုံး၊ အရေးပေါ်အခြေအနေ ကြေညာ

ပြင်သစ်နိုင်ငံ မြို့တော် ပါရီမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုမှာ လူ ၁၀၀ ထက်မနည်း သေဆုံးသွားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ပြင်သစ်သမ္မတ ဟောလန်ဒီက တနိုင်ငံလုံးအဆင့် နိုင်ငံတော် အရေးပေါ်အခြေအနေကို ကြေညာထားပြီး နယ်စပ်ဂိတ်တွေကို ပိတ်ထားလိုက်ပါပြီ။ ပေါက်ကွဲမှုတွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်တဲ့နေရာဟာ အနည်းဆုံး ၃ ခု ရှိပါတယ်။   ပြင်သစ်နဲ့ ဂျာမနီ အသင်းတို့ ချစ်ကြည်ရေးကစားနေတဲ့ ဘောလုံးကွင်းထဲမှာ ပေါက်ကွဲသံတွေကို ကြားရပြီး ပြင်သစ်သမ္မတကလည်း ဘောလုံးပွဲကို အားပေးဖို့ ကွင်းထဲ ရောက်နေချိန်ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်၊ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ ပြင်သစ်သမ္မတက ကြေညာပါတယ်။ ဘာတာကလန် ပြဇာတ်ရုံမှာ  ပစ်ခတ်မှုတွေနဲ့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ ရဲအဖွဲ့က ပြောပါတယ်၊ သေနတ်သမားတွေဟာ စားသောက်ဆိုင်တဆိုင်ကိုလည်း ပစ်ခတ်ခဲ့လို လူအမြောက်အမြား သေဆုံးခဲ့တယ်လို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။ ဘာတာကလန်း ပြဇာတ်ရုံထဲမှာ ဓားစားခံတွေကို ဖမ်းဆီးထားတဲ့ တိုက်ခိုက်သူ အနည်းဆုံး ၂ ယောက်ကို ရဲက အသေဖမ်းဆီးနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။  

A d v e r t i s e m e n t With Us

More News
Up