ချစ်ကြည်ရေး ခြေစမ်းပွဲ စပိန် ၂-၀ အင်္ဂလန် (ရုပ်သံဟိုက်လိုက်)

1.3K
ချစ်ကြည်ရေး ခြေစမ်းပွဲအဖြစ် နိုဝင်ဘာ ၁၃ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ စပိန်အသင်းက အိမ်ကွင်းမှာ အင်္ဂလန်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ပထမပိုင်းမှာ တဖက်နဲ့တဖက် အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ဒုတိယပိုင်းမှ စပိန်အသင်းက အနိုင်ဂိုးတွေကို သွင်းယူခဲ့တာပါ။
စပိန်အသင်းအတွက် ဂိုးတွေကိုတော့ မာရီအို ဂက်စ်ပါက ၇၂ မိနစ်မှာ ၁ ဂိုးနဲ့ ဆန်တီ ကာဇိုလာက ၁ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။