ခြေထောက်တဖက် ဖြတ်ခဲ့ရသည့် ဘတ်စကက်ဘောမယ် တကျော့ပြန်ယှဉ်ပြိုင် (ရုပ်သံ)

1K
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ ကားမတော်တဆမှုကြောင့် ခြေထောက်တဖက်ဖြတ် တောက်ခဲ့ရတဲ့ ဘဲလ်ဂရိတ်မှ ဘတ်စကက်ဘောအားကစားမယ် နာတာရှာကိုဗာဆီ ဗစ်ဟာ ဆားဘီးယားလိဂ်ပြိုင်ပွဲမှာ တကျော့ပြန်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ကျင်းပတဲ့ အသက် ၂၁ နှစ်အရွယ် ကိုဗာဆီဗစ်ရဲ့ ဒုတိယအကြိမ်ပွဲဦးထွက်ပြိုင်ပွဲကို မိသားစုနဲ့ မိတ်ဆွေတွေ၊ ပရိသတ်တွေ စုရုန်းလာ ရောက်အားပေးခဲ့ကြတာပါ။
အနီရောင်ကြယ်ဘတ်စကက်ဘောအသင်းဝင် ကိုဗာဆီဗစ်ဟာ နိုင်ငံရဲ့အားထားရတဲ့ လူငယ်ကစားသမားတဦးဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ကျင်းပမယ့် အိုလံပစ်အားကစား ပြိုင်ပွဲအတွက် ရည်ရွယ်ထားသူဖြစ်ပါတယ်။
မတော်တဆဘတ်စ်ကားတိမ်းမှောက်မှုဟာ သူတို့အသင်းလေ့ကျင့်ရေးဆင်းနေချိန်မှာ ဖြစ်ခဲ့ပြီး အသင်း နည်းပြ အက်ကော့စ်ဖာဇီနဲ့ မန်နေဂျာ ပီတာတာပိုဒီတို့ သေဆုံးခဲ့ကြပါတယ်။
အဲဒီမတော်တဆမှုမှာ ကိုဗာဆီဗစ်ဟာ ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့ကာ သူ့ရဲ့ဘယ်ဘက်ခြေထောက်ကို ဖြတ်တောက်ခဲ့ရတာဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်ဖေဖော်ဝါရီလမှာ ကိုဗာဆီဗစ်ဟာ ဥရောပတိုက်နိုင်ငံများ ဘတ်စကက်ဘော အဖွဲ့ (FIBA)ရဲ့ လူငယ်သံတမန်အဖြစ် ရွေးချယ်ခံခဲ့ရပြီး တလအကြာမှာ တော့ သူဟာ ဒီနာမည်ကို ထိန်းသိမ်းနိုင်ဖို့ ပြန်လည်ကစားနိုင်ဖို့ စတင်ကြိုးစားခဲ့ပါတယ်။
“ခုလို ၂ နှစ်အကြာမှာ ကျမအသင်းအတွက် ပြန်ကစားခွင့်ရတာ တကယ့်ကို ပျော်ရွှင်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ရှင်တို့သိတဲ့အတိုင်း ကျမဟာ ၂ နှစ်အတွင်း ခုလိုဖြစ်လာလိမ့်မယ်လို့ မတွေးထားခဲ့မိပါဘူး။ ဒါကြောင့် နောင်လာမယ့်ပြိုင်ပွဲတွေမှာ လည်း ကျမအသင်းအတွက် အကောင်းဆုံးကြိုးစားသွားမှာပါ”လို့ ကိုဗာဆီဗစ်က ပြောပါ တယ်။
သူ့ရဲ့အခြေအနေဟာ လုံးဝသတိမပြုမိနိုင်လောက်အောင် ပြိုင်ပွဲကာလအတွင်း ရှိနေခဲ့တာပါ။
ဒါဟာလုံးဝအကောင်းဆုံးအခြေအနေမဟုတ်ပေမယ့် လူတိုင်းဘယ်အရာမှ လွယ် လွယ်ကူကူမရနိုင်ပါဘူးလို့ ကိုဗာဆီဗစ်က ပြောပါတယ်။