A d v e r t i s e m e n t With Us

ကျပ်သိန်းပေါင်း ၂၉၉၅၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

ကျပ်သိန်းပေါင်း ၂၉၉၅၀ လောက် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို နိုဝင်ဘာ ၁၂ ရက်နေ့က တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)အုပ်စု၊ ဝှေလေလန်ပူးပေါင်းစစ်ဆေးရေး စခန်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ တာချီလိတ်ဘက်ကနေ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)အုပ်စု၊ နမ့်လုတ်(အာခါ)ကျေးရွာ ဘက်သို့ အောကက်စတင်း(ခ)လုကာ(ကျား) မောင်းနှင်လာတဲ့ မာ့ခ်တူး အမျိုးအစား အဖြူရောင် မော်တော်ယာဉ်ကို နိုဝင်ဘာ ၁၂ ရက် နေ့လယ် ၁ နာရီခွဲလောက်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ၊ လ၀က၊ အကောက်ခွန်၊ နယ်မြေခံတပ်နဲ့ ရဲတပ်ဖွဲ့တို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေက ကားကို ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်နောက်ဖုံးအတွင်း သိုဝှက်သယ်ဆောင်လာတဲ့ အစိမ်းရောင် ကျောပိုးအိတ် ၆ လုံးအတွင်းမှ ၁ ထုပ်လျင် မက်သာအက်ဖီတမင်း (အိုက်စ်) အဖြူရောင်ပုံဆောင်ခဲအလေးချိန် ၁ ကီလိုဂရမ်လောက်စီပါ ၁၁၉ ထုပ်နဲ့ ၀.၈ ကီလိုဂရမ်လောက်ပါ ၁ ထုပ်၊ စုစုပေါင်း ၁၂၀ ထုပ်၊ စုစုပေါင်းအလေးချိန် ၁၁၉.၈ ကီလိုဂရမ်၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂၉၉၅၀ သိန်းလောက်နဲ့ မော်တော်ယာဉ်ဂီယာအုံအနောက်ဘက်မှ လက်ကိုင်ဖုန်း ၁ လုံးတို့ကို  တွေ့ရှိ သိမ်းဆည်းရမိတယ်လို့ တာချီလိတ်ရဲစခန်းက သိရပါတယ်။ မူးယစ်ဆေးဝါးများနဲ့အတူ ဖမ်းဆီးရမိတရားခံ အောကက်စတင်း(ခ)လုကာ၊ အသက် ၂၈ နှစ်ကို ၀မ်ပုံနယ်မြေရဲစခန်း မယ(ပ)၉/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်းနှင့် ဓာတ်ပုံ - ကိုဇက်  

A d v e r t i s e m e n t With Us

More News
Up