၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် တောင်ကိုရီးယားအသင်းက မြန်မာအသင်းကို ဂိုးပြတ်နိုင်

ဓာတ်ပုံ - Myanmar Football Federation

ဓာတ်ပုံ - Myanmar Football Federation


ဓာတ်ပုံ - Myanmar Football Federation

ဓာတ်ပုံ - Myanmar Football Federation
921
၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် နိုဝင်ဘာ ၁၂ ရက်နေ့က တောင်ကိုရီးယား လက်ရွေးစင်အသင်းနဲ့ မြန်မာလက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားရာ တောင်ကိုရီးယားက အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
တောင်ကိုရီးယားအတွက် ဂိုးတွေကို ပထမပိုင်း ၁၈ မိနစ်၊ မိနစ် ၃၀၊ ဒုတိယပိုင်း ၈၂ မိနစ် နဲ့ ၈၆ မိနစ်မှာ တို့မှာ အသီးသီး သွင်းယူပါတယ်။
မြန်မာအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုန် အုပ်စု ဂျီမှာ ၆ ပွဲကစားထားပြီး ၁ ပွဲနိုင်၊ ၁ ပွဲသရေ ၄ ပွဲရှုံး၊ ရမှတ် ၄ မှတ်နဲ့ အုပ်စုတွင်း စတုတ္ထနေရာမှာ ရပ်တည်နေပြီး တောင်ကိုရီးယားကတော့ ၅ ပွဲကစား၊ ၅ ပွဲနိုင် ရမှတ် ၁၅ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။