A d v e r t i s e m e n t With Us

နော်ဝေကို ပထမအကျော့အနိုင်ကစားပြီး ခြေစစ်ပွဲအောင်ရန် နီးစပ်သွားသည့် ဟန်ဂေရီ (ရုပ်သံ)

၂၀၁၆ ယူရိုခြေစစ်ပွဲ ပထမကျော့မှာ ဟန်ဂေရီက နော်ဝေကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားပြီး ခြေစစ်ပွဲအောင်ဖို့ နီးစပ်သွားပြီ ဖြစ်ပါတယ်။ နော်ဝေမှာ သွားရောက်ကစားရတဲ့ အဝေးကွင်းပွဲစဉ်မှာ ဟန်ဂေရီတို့ ပထမပိုင်း ၂၆ မိနစ်မှာ အဖွင့်ဂိုးစတင်သွင်းယူပါတယ်။ နော်ဝေက ဂိုးသွင်းခွင့် ၂၁ ကြိမ် ရခဲ့ပေမယ့် ဂိုးရအောင် ဖန်တီးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒုတိယပိုင်းမှာ နော်ဝေက ဟန်ဂေရီအသင်းကို ပိုမိုဖိအားပေးကစားခဲ့ပါတယ်။ နော်ဝေအသင်းဘောလုံးပိုင်ဆိုင်မှု ၆၃ ရာခိုင်နှုန်းအထိရှိခဲ့ပေမယ့်ဟန်ဂေရီဂိုးသမားရဲ့ လက်စွမ်းပြကာကွယ်ပေးမှုကြောင့် ရှုံးနိမ့် သွားတာ ဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ် ကမ္ဘာဖလားပြိုင်ပွဲကတည်းက ဟန်ဂေရီတို့ ပြိုင်ပွဲကြီးတွေမှာ ၀င်ရောက် ယှဉ်ပြိုင်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။ ပြင်သစ်မှာ ကျင်းပမယ့် ဥရောပဘောလုံးပြိုင်ပွဲကို ၀င်ရောက်ခွင့် အဆုံးအဖြတ် ဒုတိယအကျော့ ပွဲစဉ်ကို နိုဝင်ဘာ ၁၅ ရက် ဟန်ဂေရီ ဘူတာပတ်စ်မှာ ကစားမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up