Home
မြန်မာသတင်း
ကမ္ဘာ့ဖလားခြေစစ်ပွဲ မြန်မာ ဂိုးပြတ်ရှုံး (ရုပ်သံဟိုက်လိုက်)
DVB
·
November 12, 2015
၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် နိုဝင်ဘာ ၁၂ ရက်နေ့က တောင်ကိုရီးယား လက်ရွေးစင်အသင်နဲ့ မြန်မာလက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားရာ တောင်ကိုရီးယားက အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ တောင်ကိုရီးယားအတွက် ဂိုးတွေကို ပထမပိုင်း၁၈ မိနစ်မှာ Jae-Sung Lee၊ မိနစ် ၃၀ မှာ Ja-Cheol Koo၊ ၈၂ မိနစ်မှာ Hyun-Soo Jang နဲ့ ၈၆ မိနစ်မှာ Tae-Hee Nam တို့က အသီးသီး သွင်းယူသွားပါတယ်။ မြန်မာအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုန် အုပ်စု ဂျီမှာ ၆ ပွဲကစားထားပြီး တပွဲနိုင်၊ တပွဲသရေ လေးပွဲရှုံး၊ ရမှတ် ၄ မှတ်နဲ့ အုပ်စုတွင်း စတုတ္ထနေရာမှာ ရပ်တည်နေပြီး တောင်ကိုရီးယားကတော့ ၅ ပွဲကစား၊ ၅ ပွဲနိုင် ရမှတ် ၁၅ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024