စိုင်းမောက်ခမ်း အနိုင်ရမှု အငြင်းပွားစရာမရှိဟု ကော်မရှင် ရှင်းလင်း
DVB
·
November 12, 2015
လက်ရှိအစိုးရအဖွဲ့ရဲ့ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းဟာ တပ်ကြိုတင်မဲကြောင့် အနိုင်ရတာမဟုတ်ကြောင်း လားရှိုးမြို့နယ်ရွေးကောက်ပွဲကော်မရှင်က ရှင်းလင်းပြောဆိုပါတယ်။
လားရှိုးမြို့မှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွ္ဗဲမှာ အခုလို ရှင်းလင်းပြောကြားလိုက်တာပါ။
စိုင်းမောက်ခမ်းရတဲ့ မဲအရေအတွက် ၃၀၉၀၉ မှ သူရရှိတဲ့ တပ်ကြိုတင်မဲ ( ၃၈၀၀ ) ကို နုတ်လိုက်လျှင်လည်း ဒုတိယနေရာရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း ဦးထွန်းရွှေရတဲ့ မဲအရေအတွက် (၂၆၇၂၆) ထက် ၃၈၃ မဲ သာနေသေးကြောင်း ရှင်းလင်းပြပါတယ်။
တပ်ကြိုတင်မဲတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက တပ်မှတာဝန်ခံတွေသာ ဖြစ်တယ်လို့လည်း ကော်မရှင်က ပြောသွားပါတယ်။