A d v e r t i s e m e n t With Us

ဂူထဲပိတ်မိနေသည့် တောင်တက်သမား ၂ ဦးကို ကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံ၊ ဂွီကျိုးခရိုင်၊ တောင်တလုံးပေါ်ကဂူထဲမှာပိတ်မိနေခဲ့တဲ့ ကမ္ဘာလှည့်ခ ရီးသည်တောင်တက်သမား ၂ ဦးကို ကယ်ဆယ်ရေးသမားတွေက နိုဝင်ဘာလ ၁၀ ရက် နေ့မှာ ကယ်တင်ခဲ့ကြပါတယ်။ လျို့ကျီစီရင်စု၊ လအိုဝမ်တောင်ပေါ်က ဂူတွေထဲမှာ ပိတ်မိနေခဲ့ကြတဲ့တောင် တက်သမား၂ ဦးကို ကယ်တင်နိုင်ဖို့ ကယ်ဆယ်ရေးသမားတွေရဲ့ ဒရာမာဆန်ဆန်လှုပ် ရှားမှုတွေကို စီစီတီဗွီသတင်းဌာနက ထုတ်လွှင့်တဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ အနက် ၃၄၀ မီတာရှိတဲ့ ဂူထဲက တောင်တက်သ မားတွေကို ဆင်းပြီးကယ်တင်နိုင်ဖို့ ကြိုးစားနေကြတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတယောက်မှ မရှိဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။ ရုပ်သံ - စီစီတီဗွီ

A d v e r t i s e m e n t With Us

More News
Up